မျက်သားတက်ရောဂါ Pinguecula နှင့် Pterygium သို့မဟုတ် (Surfer's Eye ) ဆိုတာဘာလဲ? What Is a Pinguecula and a Pterygium (Surfer's Eye)?

မျက်သားတက်ရောဂါကို  မျက်လုံး၏ အဖြူရောင်အပိုင်းတက်လျှင် (Pterygium) နှင့် ဘေးအစွန်မှ မျက်စိအလည်ဗဟိုသို့ဦးတည်ပြီး၊ အနက်ရောင်အဝိုင်းဆီရောက်လျှင်(Pinguecula) ဟုခေါ်သည်၊ မျက်သား တက်ရောဂါသည် မျက်ကြည်လွှာ (မျက်စိ၏ကြည်လင်သောရှေ့အလွှာ) နှင့် မျက်မြှေးလွှာ(conjunctiva) မှ တက်လာပြီး၊ မျက်စိအဖြူလွှာပေါ်ဖုံးနေသောနေရာသို့အမြှေးပါးများတက်လာခြင်းဖြစ်သည်၊ နှစ်မျိုးစလုံးကြီး ထွားမှု သည်အတော်အတန်ပုံမှန်ဖြစ်သည်။

Pinguecula သည် မျက်ကြည်လွှာအနီးရှိ၊ မျက်မြှေးလွှာပေါ်တွင်ရှိသည့်ဝါကြင့်ကြင့်အရောင်ရှိသော အကွက်ဖြစ်သည်၊ များသောအားဖြင့်နှာခေါင်းနှင့်အနီးဆုံးဘက်၊ မျက်ဆန်၏ဘေးတွင် မျက်စိနှစ်ဖက်လုံးက ဖြစ် နိုင်သည်၊ ပရိုတိန်း၊ အဆီနှင့် / သို့မဟုတ် ကယ်လစီယမ်များစုဆောင်းမှုဖြစ်စေသည့် သာမန်တစ်သျှူး အတွက်ပြောင်းလဲမှုတစ်ခုဖြစ်သည်၊အရေပြားပေါ်က အသားမာ(callus)နှင့်ဆင်တူသည်။

 

 

Pterygium ကို surfer's eye သို့မဟုတ် farmer's eye ဟူ၍လည်းလူသိများသည်၊ နောက်ဆုံးတွင် မျက်ကြည်လွှာအနှံ့ချဲ့နိုင်သည့်မျက်လုံး၏အဖြူရောင်အပိုင်းပေါ်တွင် တြိဂံပုံအသားထူတစ်သျှူးမှကြီးထွား လာသည်၊ ၄င်း၏ကြီးထွားမှုသည်သေးငယ်သောအရွယ်အစားအဖြစ်ကျန်ရစ်နိုင်သလို အမြင်ရူပါရုံကိုပါဝင် ရောက်စွက်ဖက်နိုင်သည်အထိကြီးမားနိုင်သည်၊ Pterygium သည် ယေဘုယအားဖြင့် pinguecula မှဖြစ် ပေါ်လာသည်။

 




တချို့သော pterygia က ရံဖန်ရံခါအနီရောင်တက်လာပြီးရောင်ရမ်းလာနိုင်သည်၊ တချို့ကကြီးမား မည် သို့မဟုတ် ထူလာမည်၊ သင့်၏မျက်စိထဲတွင်တစ်ခုခုရှိနေသကဲ့သို့ခံစားရမည်၊ pterygium ကြီးမားလာ သည့်အခါမျက်ကြည်လွှာ၏မျက်နှာပြင်ပုံသဏ္ဍာန်ကိုထိခိုက်စေနိုင်ပြီး၊ မျက်စိဆုံချက်မညီမှု (astigmatism) များ ဖြစ်ပေါ်စေနိုင်သည်။

pterygia နှင့် pingueculae ကြီးထွားစေသည့်အကြောင်းတရားရှင်းလင်းစွာမသိရသေးသော်လည်း ခရမ်းလွန်ရောင်ခြည်ဟုခေါ်နေသည့် Ultraviolet (UV) က ကြီးထွားစေရန်အကြောင်းတရားတစ်ချက်ဖြစ် သည်ဟုယုံကြည်ကြသည်။  pterygia နှင့် pingueculae ဖြစ်ပေါ်စေသည့် အခြားသောအချက်များမှာလေ တိုက်ခြင်းနှင့်ဖုံမှုန့်ကဲ့သို့သော မျက်စိခြောက်ခြင်းနှင့်သဘာဝပတ်ဝန်းကျင်ဖွဲ့စည်းမှုကြောင့်ဖြစ်သည်ဟုယုံ ကြည်သည်။

ရောဂါလက္ခဏာများ (Symptoms )
လူအများစုတွင်တွေ့ရသော pinguecula ၏ပထမဦးဆုံးလက္ခဏာသည်မျက်မြှေးလွှာပေါ်တွင် မျက် မြှေးလွှာပေါ်တွင်ဝါကြင့်ကြင့်အရောင်ရှိသော အကွက်ဖြစ်သည်၊များသောအားဖြင့်မျက်စိ၏နှာခေါင်းနှင့်အနီး ဆုံးဘက်တွင်ဖြစ်တတ်သည်၊ pinguecula ကအနည်းငယ်သာရောဂါလက္ခဏာ ရှိသည်၊ ယားယံလာပါက မျက်စိထဲတွင်အရာဝတ္ထုတစ်ခုခုရှိသကဲ့သို့ခံစားရသည်၊ တချို့အကြောင်းများက pingueculae သည် ရောင် ဖေါင်းလာသည်ကိုမြင်ရသည်၊ အထူးသဖြင့် သင်သည် နေ၊ လေ၊ ဖုံမှုန့် သို့မဟုတ် အလွန်ခြောက်သွေ့သော ပတ်ဝန်းကျင်များကိုထိတွေ့မိလျှင် ယားယံခြင်းနှင့်မျက်စိနီခြင်းများဖြစ်ပေါ်စေမည်၊ pterygium နှင့်အတူ၊ တချို့သောလူများသည်မြင်သာသောကြီးထွားမှုထက်  အခြားမည်သည့်လက္ခဏာမှမတွေရှိနိုင်ပါ၊ အခြားသူ များအတွက်၊ အထူးသဖြင့်ကြီးထွားလာသော pterygium ရှိသောသူသည် အရောင်နီခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် နှစ်မျိုးစလုံးရှိစေနိုင်သည်။

အခြားသောရောဂါလက္ခဏာများမှာ -
  • အမြင်အာရုံမှုန်ဝါးခြင်း၊
  • ယားယံခြင်း၊
  • အပူလောင်ခြင်း၊ 
  • မျက်စိထဲတွင်သဲရှိသကဲ့သို့မသက်မသာခံစားရခြင်း၊
  • မျက်စိထဲတွင်ထူးခြားသောအရာဝတ္ထုရှိသကဲ့သို့ခံစားရခြင်း၊


ရောဂါအမည်ရှာဖေါ်မှုနှင့်ကုသမှု (Diagnosis  and  Treatment )
မျက်စိအထူးကုဆရာဝန်က pterygia နှင့် pingueculae ကို slit-lamp ကိရိယာ(လက်ဝဲပုံမှာ) ကိုအသုံးပြုခြင်းဖြင့်စစ်ဆေးနိုင်သည်။ ဤကိရိယာသည်သင်၏မျက်စိအထူးကုဆရာဝန်အား မျက်စိ၏ မျက်ကြည်လွှာ၊ မျက်နက်ဝန်း၊ မှန်ဘီလူးများ၊ မျက်နက်ဝန်းနှင့်မျက်ကြည်လွှာအကြားလစ်လပ်နေရာ (space) များကို အနီးကပ် စစ်ဆေးစေနိုင်သည်။ဆရာဝန်ကမျက်စိ၏ သေးငယ်သော အစိတ်အပိုင်း များနီးကပ်စွာစစ်ဆေးရာတွင်မူမမှန်မှုများကြည့်ရန်ပိုမိုလွယ်ကူစေနိုင်သည်။

Pterygia Pterygia နှင့် pingueculae သည်ယေဘုယျအားဖြင့် ရောဂါလက္ခဏာများပြင်းထန်မှုမရှိသေးသမျှ  ကုသမှုမလိုအပ်သေးပါ။ Pterygia သို့မဟုတ် pingueculae သည်အနီရောင်အဖြစ်ပြောင်းလဲလာပြီး ကျိန်း စပ်လာနိုင်သည်၊ ရောင်ရမ်းမှုများကိုလျှော့ချစေရန်မျက်စဉ်းခတ်ဆေး (lubricating eye drops) သို့မဟုတ် ဆေီပါသောလိမ်းဆေး(ointments) သို့မဟုတ် ပျော့သော စတီးရိုက်(steroid)မျက်စဉ်းခတ်ဆေးကို အသုံးပြုစေနိုင်သည်။
အကယ်၍မြင်ကွင်းအားခြိမ်းခြောက်မှုဖြစ်သည်အထိကြီးထွားလာပါက သို့မဟုတ် ထပ်တလဲလဲ ကသိကအောက်ဖြစ်စေပါက ပြင်ပလူနာအဖြစ်အထူးကုဆရာဝန်ဖြင့် ခွဲစိတ်ဖယ်ရှားစေနိုင်သည်။ တခါတရံ လှပစေမှုအကြောင်းပြချက်များဖြင့်လည်းဖယ်ရှားပစ်ပါသည်။
ပျော့သော pterygia မျက်သားတက်များအတွက် ခွဲစိတ်ကုသမှုမပြုမီတွင် မျက်စိ၏ မျက်နှာပြင်ကို ထုံစေရန်ရေပန်းစားသောမေ့ဆေးကို အသုံးပြုနိုင်ပါသည်၊ အဆိုပါ pterygium မျက်သားတက်ခြင်းကို ခွဲ စိတ်ဖယ်ရှားနေစဉ်တွင် သင့်၏မျက်ခွံများဖွင့်လှစ်ထားရမည်ဖြစ်သည်။ 

 pterygium ကိုဖယ်ရှားပစ်ရန် ခွဲစိတ်သည့်အမျိုးအစားပေါ်မူတည်ပြီး၊ နာရီဝက်ထက်မပိုရှည်ကြာ သောလုပ်ထုံးလုပ်နည်းပြီးနောက်၊သင်သည် မျက်စိကာကွယ်စောင့်ရှောက်မှုများအတွက် တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် မျက်စိကာများ ဝတ်ဆင်ရန်လိုအပ်ပါလိမ့်မည်။ သင်သည်နောက်နေ့တွင် အလုပ် သို့မဟုတ် သင်၏ပုံမှန်လှုပ်ရှားမှုများကို ပြန်လည်လုပ်ကိုင်နိုင်သင့်ပြီဖြစ်သည်။
မျက်စိအလင်းယိုင်မှုဖြစ်နေသောသူများအတွက် pterygium ဖယ်ရှားမှုသည် မျက်စိဆုံချက်မညီ ခြင်း (astigmatism)များဖြစ်စေနိုင်သည်၊ သို့မဟုတ်အခြေအနေပိုဆိုးဝါးနိုင်စေသည်ကိုသတိပြုပါ။


 pterygium ဖယ်ရှားပြီးနောက် ရောင်ရမ်းမှုများလျော့ချစေရန်နှင့်ပြန်လည်ကြီးထွားမှုများကို ကာကွယ်တားဆီးရန်အတွက်  စတီးရိုက်(steroid)မျက်စဉ်းခတ်ဆေးကို ရက်သတ္တပတ်အတော်ကြာ အသုံးပြုနိုင်သည်။
  • သင့်လျော်သောခွဲစိတ်ဖယ်ရှားမှုရှိသော်လည်း pterygium သည်တစ်ခါတစ်ရံပြန်လည် ဖြစ်ပေါ်  လာတတ်သည်၊ တကယ်ဖြစ်ရပ်မှန်တွင် ပြန်လည်ဖြစ်ပေါ်နှုန်းသည် ၃၀ နှင့် ၄၀% အကြားဖြစ်ပြီး၊ အသက် ၄၀ အောက်လူများတွင်ပိုပြီးဖြစ်ဖွယ်ရှိသည်။ ခွဲစိတ်ကုသပြီးနောက်ပြန်လည်ကြီးထွားမှုကိုကာကွယ်တားဆီး ရန်သင့်အထူးကုဆရာဝန်က ထိခိုက်မှုရှိစေသောမျက်နှာပြင်မျက်စိတစ်သျှူးအစိတ်အပိုင်းအား ချုပ်ခြင်း သို့မဟုတ် ကော်ကပ်ခြင်းများပြုလုပ်ပေးမည်။ ဤနည်းလမ်းကို Autologous Conjunctival Autograft ဟု ခေါ်ပြီး၊ ပြန်လည်ကြီးထွားမှုနှုန်းနည်းပါးသည်။ 

    တစ်သျှူးကြီးထွားမှုနှုန်းကိုတားဆီးသောဆေးသည်တစ်ခါတစ်ရံ pinguecula သို့မဟုတ် pterygium မျက် သားတက်ခြင်းရောဂါထပ်မဖြစ်စေရန်တားဆီးမှုကိုကူညီရန်အသုံးပြုကြသည်။

    pinguecula သို့မဟုတ် pterygium မျက်သားတက်ခြင်းရောဂါကုသပြီးနောက်ထပ်မဖြစ်အောင် ရှောင်ရှားရန်အကောင်းဆုံးနည်းလမ်းမှာ ကြီးထွားမှုကိုအထောက်အကူဖြစ်စေသော သဘာဝပတ်ဝန်းကျင် အကြောင်းအချက်များထိတွေ့မှုကန့်သတ်ရန်ရန်ဖြစ်သည်။
  • သင့်မျက်စိအား သင့်လျော်သည့်လွန်ကဲသောခရမ်းလွန်ရောင်ခြည်မှ လုံလောက်စွာ ကာကွယ်ခြင်း၊ နေကာမျက်မှန်အသုံးပြုခြင်း။
  • သင့်လျော်သောမျက်မှန်ဖြင့် ခြောက်သွေ့သော၊ဖုန်ထူသော အခြေအနေများအတွက် သင်၏မျက်စိကာကွယ်ခြင်း။
  •  ခြောက်သွေ့သောအခြေအနေများအတွက် သင်၏မျက်စိအားမျက်ရည်အတုကိုသုံးခြင်း။
Eye Knowledge

မျက်စိတိမ်စွဲရောဂါ ဆိုတာဘာလဲ ?

VIEW | 6,312

ပုံမှန်မျက်လုံး၏ကြည့်နေသောမှန်ဘီလူးတွင်တိမ်များကာနေသကဲ့သို့ဝေေ၀၀ါးဝါးဖြစ်လာခြင်းကိုမျက်စိ တိမ်စွဲရောဂါဖြစ်သည်ဟုခေါ်သည်၊ ကျွန်ုပ်တို့တစ်ခုခုကိုကြည့်လိုက်သည့်အခါ၊ အလင်းရောင်ခြည်သည်မျက်လုံး မှန်ဘီလူးမှကျွန်ုပ်တို့၏မျက်စိထဲကိုဝင်လာပြီး၊မျက်စိ၏နောက်ကျောတွင် အလင်းကိုအထိခိုက်မခံတဲ့ဆဲလ်အမြင် လွှာပေါ်အားအာရုံစိုက်သက်ရောက်စေသည်၊ အဆိုပါအလွှာပေါ်အလင်းအာရုံစိုက်ရန်အတွက်ပုံမှန်မျက်လုံးမှန် ဘီလူးသည်ကြည်လင်ရမည်၊ ကြည်လင်မှုမရှိဘဲဝေေ၀၀ါးဝါးမြင်တွေ့လာသည့်အခါမျက်စိတိမ်စွဲရောဂါဖြစ်သည် ဟုခေါ်သည်။

By : Hathairat, M.D.
VIEW MORE