မျက်စိတိမ်စွဲရောဂါ ဆိုတာဘာလဲ ?

ပုံမှန်မျက်လုံး၏ကြည့်နေသောမှန်ဘီလူးတွင်တိမ်များကာနေသကဲ့သို့ဝေေ၀၀ါးဝါးဖြစ်လာခြင်းကိုမျက်စိ တိမ်စွဲရောဂါဖြစ်သည်ဟုခေါ်သည်၊ ကျွန်ုပ်တို့တစ်ခုခုကိုကြည့်လိုက်သည့်အခါ၊ အလင်းရောင်ခြည်သည်မျက်လုံး မှန်ဘီလူးမှကျွန်ုပ်တို့၏မျက်စိထဲကိုဝင်လာပြီး၊မျက်စိ၏နောက်ကျောတွင် အလင်းကိုအထိခိုက်မခံတဲ့ဆဲလ်အမြင် လွှာပေါ်အားအာရုံစိုက်သက်ရောက်စေသည်၊ အဆိုပါအလွှာပေါ်အလင်းအာရုံစိုက်ရန်အတွက်ပုံမှန်မျက်လုံးမှန် ဘီလူးသည်ကြည်လင်ရမည်၊ ကြည်လင်မှုမရှိဘဲဝေေ၀၀ါးဝါးမြင်တွေ့လာသည့်အခါမျက်စိတိမ်စွဲရောဂါဖြစ်သည် ဟုခေါ်သည်။
 

အတွင်းတိမ်ရောဂါလက္ခဏာများ (Cataract Symptoms)
အများစုမှာအသက်အရွယ်အိုမင်းလာသည့်အခါမျက်စိအတွင်းတိမ်တဖြည်းဖြည်းပိုမိုကြီးထွားလာစေ သည်၊ရလဒ်အနေဖြင့်အတွင်းတိမ်ပထမဦးစွာကြီးထွားလာချိန်တွင်ရောဂါလက္ခဏာများ သို့မဟုတ် အမြင်အာရုံ ပြောင်းလဲမှုများချက်ချင်းသတိပြုမိမည်မဟုတ်ပါ၊


အတွင်းတိမ်ရောဂါလက္ခဏာကြီးထွားမှုများ (Cataract symptom progression)
  • နာကျင်မရှိသည့်အတွင်းတိမ်ဖြစ်ပြီး၊ အမြင်မှုန်ဝါးခြင်း၊
  • ညအခါ သို့မဟုတ် အလင်းရောင်နည်းသည့်နေရာတွင်ကောင်းမွန်စွာမမြင်ရခြင်း၊
  • အလင်းရောင်နှင့်စူးရှတောက်ပသောအလင်းကိုအထိမခံခံစားရခြင်း၊
  • အလင်းရောင်များ၏ပတ်လည်တွင် ရောင်လျှံအကွင်းတစ်ခုကို မြင်နေရသကဲ့သို့ခံစားရခြင်း၊
  • အရောင်များကြည့်ရာတွင်မှိန်သွားသကဲ့သို့ထင်ရခြင်း၊
  • စာဖတ်ခြင်းနှင့်အခြားလှုပ်ရှားမှုများတွင်တောက်ပသည့်အလင်းရောင်လိုအပ်ခြင်း၊ 
  • မျက်မှန်ပါဝါ သို့မဟုတ် မျက်ကပ်မှန် မကြာခဏပြောင်းနေရခြင်း၊ 
  • မျက်လုံးတစ်လုံးတည်းပုံရိပ်နှစ်ရုပ်မြင်ခြင်း၊


အတွင်းတိမ်သည် အိုမင်းမှု၏တစ်စိတ်တစ်ပိုင်းဖြစ်ခြင်း (Cataract as part of aging)
မျက်လုံးမှန်ဘီလူးသည်များသောအားဖြင့်ရေနှင့်ပရိုတိန်းဓါတ်တို့ဖြင့်ဖန်ဆင်းထားသည်၊အသက်အရွယ်အိုမင်းသကဲ့သို့မှန်ဘီလူးသည်ကြီးထွားလာပြီးမာကြောလာသည်၊ မှန်ဘီလူးထဲကပရိုတိန်းဓါတ်သည် အတူစု စည်းကြပြီး၊ အချို့နေရာများတွင်တိမ်ဖြစ်လာသည်၊ မျက်စိမှကြည်လင်စွာဖြတ်သန်းလာသော အလင်းရောင်ကို ကာကွယ်ပေးသည်။


မွေးရာပါသို့မဟုတ် ကြီးထွားလာသည့်အတွင်းတိမ်  (Congenital or developmental cataracts)
ဤအတွင်းတိမ်အမျိုးအစားသည်မွေးကင်းစသို့မဟုတ်ကလေးငယ်များတွင်ဖြစ်ပွားနိုင်သည်၊ မျိုးရိုး လိုက်ဖြစ်နိုင်သည် သို့မဟုတ် အချို့သောမွေးရာပါချို့ယွင်းချက်နှင့်ဆက်စပ်နိုင်သည်၊ တချို့က အကြောင်း တရားထင်ရှားပေါ်လွင်မှုမရှိဘဲဖြစ်ပေါ်သည်။


အခြားရောဂါမှအသက်နှင့်ပတ်သက်မှုမရှိသည့်အတွင်းတိမ် သို့မဟုတ် ဆေးဝါး  (Non-age related cataracts from other disease or medication) 
ဤကဲ့သို့သောမျက်စိအတွင်းတိမ်များသည်အခြားမျက်စိရောဂါများမှ သို့မဟုတ် ယခင်ကမျက်စိခွဲစိတ် ထားမှုကြောင့်ဖြစ်ရသည်၊ နာတာရှည်ရောဂါသည် မျက်စိအတွင်းတိမ်ရောဂါဖွံ့ဖြိုးတိုးတက်စေရန်ပိုမိုဖြစ်စေ နိုင်သည်၊ ဥပမာအားဖြင့်ဆီးချိုရောဂါဖြစ်ခြင်းသည်မျက်စိအတွင်းတိမ်များအတွက် အန္တရာယ်တိုးမြှင့်စေသည့် သက်သေအထောက်အထားရှိသည်၊ စတီးရိုက်ဆေးဝါး(Steroid)များအလွန်အကျွံသုံးစွဲခြင်းသည် ဤမျက်စိ အတွင်းတိမ်အမျိုးအစားအားကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေရန်လှုံ့ဆော်ပေးနိုင်သည်။


ထိခိုက်-ဒဏ်ရာ အတွင်းတိမ်  (Traumatic cataracts)
ဤမျက်စိအတွင်းတိမ်သည်မျက်စိမှဒဏ်ရာနှင့်တိုက်ရိုက်ဆက်စပ်သည်၊ ထိခိုက်ဒဏ်ရာမျက်စိအတွင်း တိမ်သည် ဒဏ်ရာရရှိပြီးနောက်ချက်ချင်းပေါ်လာနိုင်သည်၊ သို့မဟုတ်လပေါင်းများစွာ သို့မဟုတ်နှစ်ပေါင်းများစွာ အကြာနောက်ပိုင်းတွင်ကြီးထွားတိုးတက်နိုင်သည်။ 


အတွင်းတိမ် ရောဂါအမည်စစ်ဆေးရှာဖွေခြင်း(Cataract Diagnosis)
မျက်စိကျန်းမာရေးစမ်းသပ်စစ်ဆေးသောအတောအတွင်းတွင်၊ မျက်စိဆရာဝန် Eye M.D. က အတွင်း တိမ်ရောဂါအမည်စစ်ဆေးရှာဖွေရန်မျက်နက်ဝန်းကိုတိုးချဲ့ခြင်း(မျက်စဉ်းခတ်ဆေးသုံးခြင်းဖြင့်သူငယ်အိမ် အကျယ်ချဲ့သည့်နေရာ) ဖြင့်သင့်၏မျက်စိကိုစစ်ဆေးမည်။


အတွင်းတိမ် ရောဂါ ဖြစ်ပါက ဘာလုပ်သင့်သလဲ၊ (Once I have a cataract diagnosis, what should I do?) 
  • သင်သည် အသက် 65 နှစ်ထက်ကြီးနေပါက နှစ်စဉ်နှစ်တိုင်းမျက်စိကိုစစ်ဆေးမှုပြုပါ၊  သို့မဟုတ်အသက် 65 နှစ်အောက်ငယ်ပါက နှစ်နှစ်တစ်ကြိမ်စစ်ဆေးပါ။
  • သင်၏မျက်စိကိုအနည်းဆုံးခရမ်းလွန်ရောင်ခြည် 99 ရာခိုင်နှုန်း ကာကွယ်နိုင်သည့်မျက်မှန်နှင့် ဦးထုပ်ကိုတပ်ဆင်ထားပါ။
  • သင်သည်ဆေးလိပ်သောက်လျှင်ဖြတ်ပါ၊ ဆေးလိပ်သောက်ခြင်းသည်မျက်စိအတွင်းတိမ်များအတွက်  အန္တရာယ်သော့ချက်တခုဖြစ်သည်။
  • စာဖတ်ခြင်းနှင့်အခြားလှုပ်ရှားမှုများအတွက်ပိုမိုတောက်ပသောမီးကိုသုံးပါ၊ မှန်ဘီလူးလည်း အသုံးပြုနိုင်သည်။
  • ညအချိန်ကားမောင်းခြင်းကိုကန့်သတ်ပါ၊ ရောင်ခြည်စက်ဝိုင်း သို့မဟုတ် စူးရှတောက်ပသောအလင်း သည်ပြဿနာဖြစ်လာနိုင်သည်။
  • အခြားသောကျန်းမာရေးပြဿနာများကိုဂရုစိုက်ပါ၊အထူးသဖြင့်ဆီးချိုရောဂါ။
  • သင်၏အာရုံမြင်ကွင်းကို မှန်ကန်စွာပြုပြင်စေရန်အတွက် သင့်လျှော်သောမျက်မှန် သို့မဟုတ် မျက်ကပ်မှန်ကိုသုံးပါ။
  • သင်၏ပုံမှန်လှုပ်ရှားမှုများဆောင်ရွက်ရန်အလွန်ခက်ခဲလာသည့်အခါ မျက်စိအတွင်းတိမ်ကိုခွဲစိတ်ရန် စဉ်းစားပါ။  
  • အတွင်းတိမ်ခွဲစိတ်မှုကိုအချက်အလက်ပေးဆုံးဖြတ်နိုင်စေရန်၊ ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်များဖြစ်သော ခွဲစိတ်မှုမပြုမီပြင်ဆင်မှုများနှင့်ခွဲစိတ်ပြီးနာလန်ထူချိန်၊အတွင်းတိမ်ခွဲစိတ်မှု၏ အကျိုးကျေးဇူးများ နှင့် ဖြစ်နိုင်သောနောက်ဆက်တွဲဆိုးကျိုးများ၊ ကုန်ကျစရိတ်နှင့်အခြားအရေးကြီးသောအချက်အလက် များကို သင်၏အထူးကုဆရာဝန်နှင့်အတူသေချာစွာဆွေးနွေးပါ၊
  • များကိုမသုံးပါနှင့်၊ မျက်စဉ်းခတ်ခြင်းဖြင့်မျက်စိအတွင်းတိမ်မပျောက်စေနိုင်ပါ၊ ခွဲစိတ်ကုသခြင်းသည် သာမျက်စိအတွင်းတိမ်ဖယ်ရှားပစ်ရန်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ 


မျက်စိအတွင်းတိမ်ကုသမှု (Cataract Treatment)
သင့်၏အမြင်ရူပါရုံကိုအနည်းငယ်သာမှုန်ဝါးသည်ဟုဆိုပါကသင်၏ပါဝါမျက်မှန်ကိုခဏပြောင်းလဲကြည့် ရန်လိုအပ်လိမ့်မည်၊မည်သို့ပင်ဖြစ်စေသင့်မျက်မှန်ပြောင်းလဲပြီးနောက်သင်ကြိုက်နှစ်သက်သောအရာ၊သို့မဟုတ် လုပ်ချင်သောအရာကို ကောင်းမွန်စွာ မမြင်သေးပါက အတွင်းတိမ်ခွဲစိတ်ကုသမှုကိုထည့်သွင်းစဉ်းစားသင့်ပြီဖြစ် သည်။

အတွင်းတိမ်ခွဲစိတ်မှုနှင့်အတူ၊ သင်မျက်စိ၏မကြည်လင်သောသဘာဝမှန်ဘီလူးကိုဖယ်ရှားပြီး၊ ရှင်းလင်း သည့်မှန်ဘီလူးအတု (intraocular (IOL) မှန်ဘီလူး) ဖြင့် အစားထိုးထည့်ထားသည်၊ သင့်မျက်စိအထူးကု ဆရာဝန်က အတွင်းတိမ်ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းများ အတွက်ပြင်ဆင်မှုများနှင့်ခွဲစိတ်မှုအပြီးပြန်လည်နာလန် ထူမှု၊ အကျိုးကျေးဇူးများနှင့် ဖြစ်နိုင်ခြေနောက်ဆက်ဆွဲဆိုးကျိုးများ၊ အတွင်းတိမ်ခွဲစိတ်မှု ကုန်ကျစရိတ်များနှင့် အခြားအရေးကြီးသောအချက်အလက်များကို ဆွေးနွေးရှင်းပြပါလိမ့်မည်။ အတွင်းတိမ်ခွဲစိတ်ကုသမှုသည်များ သောအားဖြင့်ပြင်ပလူနာလုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်သည့်အတွက် ဆေးရုံတွင်ညအိပ်ကုသစေရန် မလိုအပ်ပါ။


အတွင်းတိမ်ခွဲစိတ်မှုလုပ်ထုံးလုပ်နည်း (The cataract surgery procedure)    
မျက်စိအတွင်းတိမ်ဖယ်ရှားအတွက်အသုံးပြုအများဆုံးလုပ်ထုံးလုပ်နည်းကို phacoemulsification ဟု ခေါ်သည်။အတွင်းတိမ်ခွဲစိတ်မှုပြုရာတွင်သင်၏မျက်စိဆရာဝန်ကကြိမ်နှုန်းမြင့်အယ်ထရာစောင်း(Ultrasound)  ကို သုံးပြီး၊ မကြည်လင်သောသဘာဝမှန်ဘီလူး(cloudy lens) ၏ဗဟိုကိုချိုးဖျက်ပစ်ရန်၊ ဂရုတစိုက်စုပ်ထုတ်စေ ရန်သေးငယ်သည့်ကိရိယာကိုထည့်သွင်းသောနေရာဖြစ်သည့်သေးငယ်သောခွဲစိတ်ရာကမျက်ကြည်လွှာ (သင့် မျက်စိရှေ့အစိတ်အပိုင်း) ဘက်တွင်ဖြစ်ပေါ်စေသည်၊ မကြည်လင်သောသဘာဝမှန်ဘီလူးကို ခွဲစိတ်ဖယ်ရှားပြီး နောက်ခွဲစိတ် ဆရာဝန်က ဆီလီကွန် သို့မဟုတ် acrylic ဖြင့်ဖန်ဆင်းထားသည့် intraocular lens (IOL) ဖြင့် အစားထိုးပါလိမ့်မည်၊ ဤရှင်းလင်းသောမှန်ဘီလူးအသစ်သည် မြင်လွှာပေါ် ကောင်းမွန် မှန်ကန်စွာ ဆုံချက်ကျ စေသည်၊အဆိုပါ intraocular lens (IOL)သည်သင့်မျက်စိ၏အမြဲတမ်းအစိတ်အပိုင်းဖြစ်လာသည်၊  များသော အားဖြင့် အဆိုပါ IOL မှန်ဘီလူးသည်မျက်နက်ဝန်း၏နောက်တွင်သင်၏မျက်စိ၏ အရောင် အစိတ်အပိုင်းအဖြစ် ထည့်သွင်းပြီး၊a posterior chamber lens မှန်ဘီလူးဟုခေါ်သည်၊ တခါတရံတွင် IOL သည် မျက်နက်ဝန်း ၏ရှေ့မှောက်တွင်ထားရမည်ဖြစ်ပြီး၊ anterior chamber lens မှန်ဘီလူး ဟုခေါ်သည်၊ IOL မှန်ဘီလူးကိုထည့် သွင်းပြီးပါကခွဲစိတ်ဆရာဝန်ကခွဲစိတ်ရာကိုပိတ်မည်၊ ချုပ်ရာချုပ် သို့မဟုတ် မချုပ်လည်းရသည်၊ ခွဲစိတ်မှုပြီးဆုံး ပါက မျက်စိဆရာဝန် Eye M.D. က များသောအားဖြင့် သင့်၏မျက်စိကို ကာကွယ်မှုပြုလုပ်ပေးထားမည်၊သင် သည်အိမ်ကိုပြန်ရန်အဆင်သင့်မဖြစ်မီတွင်ပြင်ပလူနာနလန်ထူဧရိယာခန်းတွင်အချိန်တိုအနားယူစေမည်၊ ခွဲစိတ် ကုသပြီးနောက်ပျောက်ကင်းမှုကိုအထောက်အကူပြုစေရန်မျက်စိအထူးကုဆရာဝန်၏ညွှန်ကြားချက်အတိုင်းတိ ကျစွာမျက်စဉ်းခပ်ပေးရန်အလွန်အရေးကြီးသည်၊ သင်အိပ်သည့်အခါတိုင်းမျက်စိအဖုံးကိုတပ်ဆင်ထားခြင်းနှင့် တောက်ပသောအလင်းထဲတွင် အတော်ကွေးသောမျက်မှန် (wrap around) တပ်ဆင်ခြင်းဖြင့်သင့်မျက်စိကာ ကွယ်စောင့်ရှောက်ရန်လိုအပ် ပါလိမ့်မည်၊သင်၏မျာက်စိကိုမပွတ်သပ်ရန်သတိထားပါ။

 

 

သင့်နာလန်ထူမှု၏ပထမရက်သတ္တပတ်အတောအတွင်းတွင်အားသွန်ခွန်စိုက်သော အားကစား လှုပ် ရှားမှုများ သို့မဟုတ် ကိုင်းညွတ်ခြင်းနှင့်အလေးမခြင်း (25 ပေါင်ကျော်အလေးချိန်) များကို မလုပ်မိစေရန်ရှောင် ကြဉ်ရမည်၊ ၄င်းအပြင် ရောဂါကူးစက်စေမှုကိုဦးဆောင်လမ်းပြစေနိုင်သည့်သင့်မျက်စိအားရေ၊ဖုန်မှုန့် အညစ် အကြေးများလက်ခံရရှိခြင်းကိုလည်းရှောင်ကြဉ်ရန်လိုအပ်သည်၊ ခွဲစိတ်ကုသမှုလုပ်ထုံးလုပ်နည်းပြီးနောက် ရက် အနည်းငယ်တွင်အချို့သောမှုန်ဝါးသောအမြင်ရူပါရုံရှိနိုင်သည်၊အကယ်၍နာကျင်မှု သို့မဟုတ် မြင်နိုင်မှုရူပါရုံတစ် ခုခုကိုကြုံတွေ့ပါက သင်၏မျက်စိအထူးကုဆရာဝန်ကိုခေါ်ပါ။
 
Eye Knowledge