ဆီးချိုရောဂါကြောင့်အမြင်အာရုံပျက်စီးခြင်းဆိုတာဘာလဲ၊

ဆီးချိုရောဂါကြောင့် အမြင်အာရုံပျက်စီးခြင်းသည် 
အများဆုံးတွေ့ရသောဆီးချိုမျက်စိရောဂါအမျိုး အစားဖြစ်ပြီး၊ 
မြင်လွှာထဲကသွေးကြောပြောင်းလဲမှုရှိသည့်အချိန်တွင်ဖြစ်ပေါ်နိုင်သည်။ တစ်ခါတစ်ရံအဆိုပါ သွေးကြောများသည်ရောင်ရမ်းပြီး၊အရည်ယိုစီးလာသည်သို့မဟုတ်လုံးဝပိတ်ဆို့သွားနိုင်သည်။ အခြားသော 

ကိစ္စများတွင်ပုံမှန်မဟုတ်သည့်သွေးကြောသစ်များမြင်လွှာမျက်နှာပြင်ပေါ်တွင်ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဆီးချိုရောဂါကြောင့်မျက်စိနှစ်ဘက်စလုံးကိုသက်ရောက်မှုရှိစေနိုင်သည်။ 
ဆီးချိုရောဂါကြောင့်အမြင်အာရုံ ပျက်စီးသောသူများသည် ရောဂါဖြစ်စအစောပိုင်းကာလတွင် မိမိတို့၏အမြင်အာရုံပြောင်းလဲမှုရှိကြောင်းကို သတိမထားမိကြပါ။ 
သို့သော်ကြာရှည်စွာဆက်လက်ဖြစ်ပွားပါက နဂိုအတိုင်းပြန်လည်ကောင်းမွန်နိုင်ခြင်း မရှိတော့ဘဲ၊ အမြင်အာရုံဆုံးရှုံးမှုကိုဖြစ်ပေါ်စေသည်။

ဆီးချိုမျက်စိပြဿနာများ (Diabetic eye problems)
ဆီးချိုရောဂါကြောင့်ဖြစ်ပွားသော မျက်စိအာရုံကြောရောဂါ နှစ်မျိုးရှိသည်။


သွေးကြောသစ်များမကြီးထွားလာနိုင်သည့် ဆီးချိုမျက်စိရောဂါ Background or non-proliferative diabetic retinopathy (NPDR)
သွေးကြောသစ်များမကြီးထွားလာနိုင်သည့် ဆီးချိုမျက်စိရောဂါ Non-proliferative diabetic retinopathy (NPDR) သည်ဆီးချိုရောဂါကြောင့်ဖြစ်ပွားသောမျက်စိအာရုံကြောရောဂါဖြစ်ခြင်း၏အစောပိုင်း အဆင့်ဖြစ်သည်၊ ဤကဲ့သို့သောအခြေအနေနှင့်တကွ၊မြင်လွှာထဲကပျက်စီးသောသွေးကြောသည်အရည်ပို (extra fluid) နှင့် သေးငယ်သောသွေးပမာဏများအဖြစ်မျက်စိထဲသို့စတင်ယိုစီးလာသည်။ တစ်ခါတစ်ရံ သွေးမှ ကိုလက် စထရော (cholesterol) သို့မဟုတ် အခြားအဆီများစုစည်းထားမှုသည်မြင်လွှာထဲသို့ယို စီးနိုင်သည်။

ဆီးချိုရောဂါဖြစ်သူများသည် များသောအားဖြင့်သူတို့၏အမြင်အာရုံကိုထိခိုက်မှုမရှိသည့်ပျော့သော NPDR ရှိကြသည်၊မည်သို့ပင်ဖြစ်စေသူတို့၏အမြင်အာရုံကိုထိခိုက်မှုရှိပါကမက်ကူလာရောင်ရမ်းမှု (macular  edema) နှင့်မက်ကူလာသွေးပြတ်မှု (macular ischemia) တို့ကြောင့်ဖြစ်သည်။

မက်ကူလာဖောရောင်မှု (Macular edema) - မက်ကူလာ ရောင်ရမ်းမှု သို့မဟုတ် ထူလာမှုသည်၊ မြင်လွှာ၏ သွေးကြောများမှယိုစီးလာသောအရည်ကြောင့်ဖြစ်သည်၊ မက်ကူလာသည်ရောင်ရမ်းမှုရှိသည့်အခါတာဝန်ကို ကောင်းမွန်စွာမဆောင်ရွက်နိုင်ပါ၊ မက်ကူလာ ရောင်ရမ်းမှု (macular edema) သည်မျက်စိဆီးချိုဖြစ်စေ ခြင်း၏အများဆုံးအကြောင်းရင်းဖြစ်သည်။

မက်ကူလာ သွေးပြတ်မှု (Macular ischemia) - သေးငယ်သည့်သွေးကြော (သွေးကြောမျှင်ကလေးများ) ပိတ်ဆို့ခြင်းကြောင့်ဖြစ်သည်၊ သင်၏အမြင်အာရုံမှုန်ဝါးခြင်းသည်လုံလောက်သောသွေးလက်ခံမှုမရရှိသော ကြောင့်ဖြစ်သည်။

သွေးကြောအသစ်များနှင့်ဖွဲ့စည်းထားသည့်ဆီးချိုမျက်စိရောဂါ Proliferative diabetic retinopathy (PDR)
သွေးကြောအသစ်များနှင့်ဖွဲ့စည်းထားသည့်ဆီးချိုမျက်စိရောဂါဖြစ်ပေါ်ခြင်းသည်များသောအားဖြင့် မြင်လွှာထဲကသွေးစီးဆင်းမှုကိုတားဆီးသည့်သွေးကြောများပိတ်ဆို့ခြင်းကြောင့်ဖြစ်သည်။ မူလသွေးကြော ပိတ်ဆို့သောနေရာတွင်သွေးအစားထိုးထောက်ပံ့ရန်ကြိုးစားရာမှ မြင်လွှာကသွေးကြောသစ်များကိုဖြစ်ပေါ် စေခြင်းဖြစ်သည်၊ ဤအဖြစ်အပျက်ကို သွေးကြောသစ်ပေါ်ထွက်မှု (neovascularization) ဟုခေါ်သည်။ သို့သော် ဤသွေးကြောသစ်များသည် ပုံမှန်မဟုတ်သောသွေးကြောများဖြစ်ပြီး၊ မြင်လွှာအားသင့်လျှော်သော သွေးစီး ဆင်းစေမှုကိုမထောက်ပံ့နိုင်ပါ၊ သွေးကြောသစ်များသည် မြင်လွှာအား အတွန့်ကြောင်းများဖြစ်စေ နိုင်သည့်တစ်သျှူးအမာရွတ်များမကြာခဏပါလာတတ်သည်။ PDR သည် NPDR ထက် အမြင်အာရုံဆုံးရှုံး မှုပိုမိုဖြစ်ပေါ်စေနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် မျက်စိ၏အလယ်ဗဟိုလ်နှင့်ပတ်ပတ်လည်မြင်ကွင်းများ ပါအကျိုးသက်ရောက်မှုရှိစေသည်၊PDR ဖြစ်မှုသည်အောက်ပါနည်းလမ်းများကိုသက်ရောက်မှုရှိစေသည်။

မျက်စိအတွင်းခန်းသွေးယိုစီးခြင်း (Vitreous hemorrhage) - နူးညံ့သောသွေးကြောသစ်သည် မြင်လွှာပေါ် အလင်းရောင်ခြည်ရောက်ခြင်းကိုကာကွယ်ပေးနိုင်သည့်မျက်စိ၏အလယ်ဗဟိုတွင်ရှိသည့်ပျစ်ရည်ဖြစ်သော မျက်ရည်ကြည်ထဲသို့ယိုစီးဝင်သည်၊ အကယ်၍မျက်ရည်ကြည်သည်အလွန်သေးငယ်ပါက သင်သည်အနည်း ငယ်သစ်သော၊ မှောင်မိုက်သောမျက်စိထဲအစက်အပျောက်များ (floaters) ကိုမြင်ရလိမ့်မည်။ ကြီးမားသော မျက်ရည်ကြည်သည်အမြင်အာရုံ အားလုံးကိုပိတ်နိုင်ပြီး၊သင်အားအလင်းရောင်နှင့်မှောင်မိုက်မှုသာမြင်နိုင် စေသည်။

မျက်စိအတွင်းခန်းသွေးယိုခြင်း (vitreous hemorrhage) သည် အလွန်သေးငယ်ပါက အစက်သစ် များအနည်းငယ်နှင့်အမည်းရိပ်များပေါလောပေါ်(dark floaters)လာသည်ကိုမြင်ရမည်။ အလွန်ကြီးမားပါက သင်အားအလင်းနှင့်အမှောင်သာသတိမူသိမြင်နိုင်ပြီး၊အမြင်အာရုံကိုအားလုံးပိတ်ဆို့လိမ့်မည်။မျက်စိအတွင်း ခန်းသွေးယိုခြင်းတစ်မျိုးတည်းဖြင့်အမြင်အာရုံကိုထာဝရဆုံးရှုံးမှုမဖြစ်ပေါ်စေနိုင်ပါ။မက်ကူလာပျက်စီးမှုမရှိပါကသွေးရှင်းလင်းမှုရှိသည့်အချိန်တွင်သင်၏အမြင်အာရုံသည်ယခင်ကဲ့သို့ပြန်လည်ရောက်ရှိနိုင်သည်။

ဆွဲဆန့်မှုကြောင့်မျက်စိမြင်လွှာကွာကျခြင်း - သွေးကြောသစ်ပေါ်ထွက်မှု (neovascularization) မှတစ်သျှူး အမာရွတ်သည် မြင်လွှာအားအရေးကြောင်းများဖြစ်ပြီး၊ ပုံမှန်အနေအထားမှဆွဲဆန့်ခြင်းကြောင့်ဖြစ်သည်။ မက်ကူလာ အရေးအကြောင်းသည် သင်၏အမြင်အာရုံကိုပုံရိပ်ပျက်ပြားစေနိုင်သည်။ အကယ်၍မက်ကူလာ သို့မဟုတ်မြင်လွှာကွာကျမှုဧရိယာများပြားပါကပိုမိုပြင်းထန်သည့်မြင်လွှာဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်သည်။

သွေးကြောသစ်မှဖြစ်ပေါ်သည့်ရေတိမ် (Neovascular glaucoma) - မြင်လွှာသွေးကြောများပိတ်ဆို့မှုရှိပါက မျက်နက်ဝန်း(မျက်စိ၏အရောင်အစိတ်အပိုင်းတစ်ခု)ထဲတွင် သွေးကြောသစ်(neovascularization)များ ဖြစ် ပေါ်စေနိုင်သည်။ ဤကဲ့သို့သောအခြေအနေတွင်သွေးကြောသစ်သည် မျက်စိထဲကအရည်၏ပုံမှန်ယိုစီးမှု ကိုပိတ်ဆို့စေနိုင်သည်။ မျက်စိထဲကဖိအားဖြစ်ပေါ်မှုသည်အထူးသဖြင့်မျက်စိအာရုံကြောအားပြင်းထန်သည့် ပျက်စီးမှုအခြေအနေကိုဖန်တီးစေနိုင်သည်။


အကြောင်းရင်းများ (Causes) 
အချိန်တိုးချဲ့ကာလအတွက် သွေးအတွင်းသကြားဓာတ်မြင့်မားလွန်းပါက မြင်လွှာသို့သွေးများ ထောက်ပံ့ပေးသည့် သွေးကြောမျှင်ကလေးများ (သေးငယ်သောသွေးကြော) ကိုပျက်စီးစေနိုင်သည်၊ အချိန် ကြာလာသည့်အခါ အဆိုပါသွေးကြောများသည် အရည်နှင့်အဆီများစတင်ယိုစီးလာပြီး၊ ရောင်ရမ်းမှုများဖြစ် ပေါ်စေသည်။နောက်ဆုံးတွင်အဆိုပါသွေးကြောများသည်ပိတ်သွားနိုင်ပြီး၊ သွေးကြောကျဉ်းခြင်း (ischemia) ဟုခေါ်သည်။ဤပြဿနာများသည်သွေးကြောအသစ်များမကြီးထွားလာနိုင်သည့်ဆီးချိုမျက်စိရောဂါ (NPDR)  ဖြစ်ခြင်း၏လက္ခဏာများဖြစ်သည်။  
                                            
ကုသမှုမရှိသောကြွင်းကျန်နေသည့် ဆီးချိုမျက်စိပြဿနာများဖြစ်သည့် သွေးကြောအသစ်များနှင့် ဖွဲ့စည်းထားသောဆီးချိုမျက်စိရောဂါ(PDR)အဖြစ်ကြီးထွားနိုင်သည်။ သွေးကြောကျဉ်း (ischemia) ရာမှ သွေးကြောများပိတ်ဆို့ခြင်းသည် မြင်လွှာပေါ် (neovascularization ဟုခေါ်သည်) အရေးအကြောင်းများ သို့မဟုတ် မြင်လွှာကွာစေမှုများဖြစ်စေခြင်းဖြင့် ပုံမှန်မဟုတ်သော၊ သွေးကြောသစ်များ၏ကြီးထွားမှုများကို ဖြစ်ပေါ်စေနိုင်သည်။ သွေးကြောသစ်များ (neovascularization)သည် သင့်ဦးနှောက်မှသင်၏မျက်စိသို့  ပုံရိပ်များကိုသယ်ဆောင်ပေးသော အမြင်အာရုံကြောပျက်စီးမှုဖြစ်ပေါ်စေနိုင်သည့်ရေတိမ်ရောဂါဖြစ်စေနိုင် သည်။  

သွေးအတွင်းသကြားဓာတ်နှင့်သွေးဖိအားတင်းကျပ်စွာထိန်းချုပ်မှု ထိန်းသိမ်းခြင်းနှင့် သင်၏မျက်စိ ဆရာဝန် (Eye M.D) မှဆီးချိုမျက်စိရောဂါပုံမှန်စစ်ဆေးမှုပြုလုပ်ခြင်းသည်ဆီးချိုမျက်စိရောဂါနှင့်အမြင်အာရုံ ဆုံးရှုံးမှုများကိုကာကွယ်ရန်သော့ချက်ဖြစ်သည်။  ဆီးချိုရောဂါသည် မျက်စိအတွင်းတိမ်ဖြစ်စေရန်အတွက် အန္တရာယ်အချက်တခုဖြစ်သကဲ့သို့ သွေးအတွင်း သကြားဓာတ်ကိုထိန်းချုပ်ခြင်းသည် မျက်စိအတွင်းတိမ်ကြီး ထွားမှုများကိုကြီးပွားစေနိုင်သည်၊


ရောဂါလက္ခဏာများ (Symptoms)
ဆီးချိုမျက်စိရောဂါ (diabetic retinopathy) အစောပိုင်းအဆင့်တွင်ရောဂါလက္ခဏာမရှိသည့် အတွက်၊  သင်သည် သတိမထားမိမည်မဟုတ်ဘဲ၊ ဆီးချိုမျက်စိရောဂါဖြစ်နိုင်သည်။
ဆီးချိုမျက်စိရောဂါ ဖြစ်ပွားမှုလက္ခဏာများသည်အောက်ပါအတိုင်းပါဝင်သည်။
  • အစက်အပြောက် သို့မဟုတ် သင့်အမြင်အာရုံထဲတွင်မှောင်မည်းသည့်အမျှင်များ ပင့်ကူအိမ်ကဲ့သို့ ပေါလောပေါ်နေခြင်း၊(floaters ဟုခေါ်သည်၊)
  • အမြင်အာရုံမှုန်ဝါးခြင်း၊
  • မှုန်ဝါးရာမှကြည်လင်မှုသို့ အခါအားလျော်စွာပြောင်းလဲသောအမြင်အာရုံ၊
  • သင်၏အမြင်အာရုံထဲတွင် အမည်းရောင် သို့မဟုတ် မှောင်မိုက်သည့်ဧရိယာရှိခြင်း၊
  • ညမြင်ကွင်းညံ့ဖျင်းခြင်း၊
  • အရောင်မှေးမှိန်ခြင်း သို့မဟုတ် ခြားနားခြင်း၊
  • အမြင်အာရုံဆုံးရှုံးခြင်း၊

ဆီးချိုမျက်စိရောဂါလက္ခဏာသည်များသောအားဖြင့်မျက်စိနှစ်ဘက်စလုံးအားအကျိုးသက်ရောက်မှု ရှိစေသည်။
သွေးကြောသစ်များမကြီးထွားလာနိုင်သည့်ဆီးချိုမျက်စိရောဂါ၏မြင်ကွင်းနှင့်သွေးကြောသစ်များနှင့်ဖွဲ့ စည်းထားသည့်ဆီးချိုမျက်စိရောဂါမြင်ကွင်း၏ဆင်တူသောဟန်တောင်ပုံတူကိုကြည့်ပါ၊ အမြင်အာရုံဆုံးရှုံးမှု ကိုကာကွယ်တားဆီးနိုင်ရန် အကောင်းဆုံးနည်းလမ်းသည်သင်၏ဆီးချိုရောဂါကိုသတိရှိစွာစီမံခန့်ခွဲခြင်းဖြစ် သည်။သင်သည်ဆီးချိုရောဂါရှိပါကသင်၏အမြင်အာရုံကောင်းသည်တောင်မှနှစ်စဉ် စစ်ဆေးစိစစ်မှုအတွက် သင့်မျက်စိဆရာဝန်ကိုပြသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဆီးချိုရောဂါ၏ အစောပိုင်းအဆင့်စစ်ဆေးမှု သည် အရေးကြီးသောအချက်ဖြစ်သည်။ အကယ်၍ သင်သည်ကိုယ်ဝန်ဆောင်သူဖြစ်လျှင်သင်၏မျက်စိ ဆရာဝန်ကသင့်ကိုယ်ဝန်ရှိနေသည့်ကာလတစ်လျှောက်လုံးမျက်စိစစ်ဆေးမှုကိုနောက်ထပ်ပြုလုပ်ရန်အကြံ ပေးမည်ဖြစ်သည်၊အဘယ်ကြောင့်ဆိုသော်ကိုယ်ဝန်ဆောင်မှုသည်တစ်ခါတစ်ရံတွင်ဆီးချိုရောဂါအားပိုမိုဆိုး ဝါးလာနိုင်စေသည်။

အကယ်၍သင်၏အမြင်အာရုံသည်ရုတ်တရက်ပြောင်းလဲသည်ဟုခံစားရပါက သို့မဟုတ် သင်၏အမြင် အာရုံသည်မှုန်ဝါးလာခြင်း၊ အစက်အပြောက်များဖြစ်လာလျှင် သို့မဟုတ် ဇဝေဇဝါဖြစ်လာလျှင် သင်၏မျက်စိ ဆရာဝန် Eye M.D. ကိုဆက်သွယ်ပါ။

မျက်လုံးထိခိုက်ခြင်းမရှိသော်လည်းဆီးချိုရောဂါသည်သင်၏မျက်စိနှစ်ဘက်စလုံးအမြင်အာရုံကိုပြောင်း လဲစေနိုင်သည်။သင်၏သွေးအတွင်းသကြားဓါတ်လျင်မြန်စွာပြောင်းလဲမှုသည်သင်မျက်စိမှန်ဘီလူး၏ အသွင် သဏ္ဌာန်နှင့်မြင်လွှာပေါ်ပုံရိပ်များအားဆုံချက်ပျက်ပြားစေမည်။ သင်၏သွေးအတွင်းသကြားဓာတ်တည်ငြိမ်မှု ရှိပြီးနောက်ပုံရိပ်သည်ဆုံချက်ပုံမှန်ပြန်ဖြစ်မည်။သင်၏သွေးအတွင်းသကြားဓါတ်ကိုထိန်းချုပ်ခြင်းဖြင့်မှုန်ဝါးမှု ဖြစ်ရပ်များကိုလျှော့ချနိုင်သည်။


ရောဂါအမည်ဖေါ်ခြင်း (Diagnosis)
ဆီးချိုမျက်စိရောဂါရှာဖွေစစ်ဆေးရန် နှင့်၎င်း၏တိုးတက်ကြီးထွားမှုကို စောင့်ကြည့်စစ်ဆေးရန် တစ်ခုတည်းသောနည်းလမ်းမှာ ပြည့်စုံသည့်မျက်စိစစ်ဆေးမှုဖြစ်သည်။
စစ်ဆေးမှုအစိတ်အပိုင်းအမျိုးမျိုးခွဲခြားနိုင်သည်၊ - 


အမြင်အာရုံစစ်ဆေးတိုင်းတာခြင်း (Visual acuity test)
ဤမျက်စိပုံစံကားချပ်သည် အမျိုးမျိုးသောအကွာ အဝေးတွင် သင်သည်အရာဝတ္ထုအသေးစိတ် များနှင့်ပုံသဏ္ဍာန်များကို မည်သို့ ကောင်းမွန်စွာခွဲခြားနိုင် သည်ကိုတိုင်းတာရန်ဖြစ်သည်။ ပြည့်စုံကောင်းမွန် သောအမြင်ထိုးထွင်းနိုင်မှုသည် 20/20 ဖြစ်သည်၊ သို့မဟုတ် ပို၍ကောင်းမွန်သည်။ တရားဝင်မျက်စိကွယ် ခြင်းသည် မျက်စိနှစ်ဘက်စလုံးထဲတွင် 20/200 နှင့်ညီမျှသည် သို့မဟုတ် ထက်ပို ဆိုးဝါးသည်။


မျက်စိစမ်းသပ်သည့် ကရိယာ Slit-lamp ဖြင့်စမ်းသပ်စစ်ဆေးခြင်း (Slit-lamp exam)
အနုကြည့် မှန်ဘီလူးသည် မျက်တောင်၊ မျက်မြှေးလွှာ၊မျက်ဖြူလွှာ၊ မျက်ကြည်လွှာ ၊ မျက်နက်ဝန်း၊ မျက်ကြည်လွှာနောက်ဘက်အခန်းငယ်(Anterior Chamber)၊ မှန်ဘီလူးများနှင့်မြင်လွှာ၏ အစိတ်အပိုင်း များနှင့်အမြင်အာရုံကြောများအပါအဝင် မျက်စိ၏အရှေ့ပိုင်းများကိုစစ်ဆေးရန်အသုံးပြုသည်။  


တိုးချဲ့ပြီးစစ်ဆေးခြင်း (Dilated exam)
မျက်စိသူငယ်အိမ်အားချဲ့ရန်မျက်စိအတွင်း မျက်စဉ်းခတ်ဆေးခတ်ပြီး၊သင်၏မျက်စိဆရာဝန် Eye M.D.၏အထောက်အကူဖြင့်မြင်လွှာနှင့်အမြင်အာရုံကြော၏ဆုံးရှုံးမှုလက္ခဏာကိုပိုမို၍စေ့စပ်စွာစစ်ဆေးခြင်း ဖြစ်သည်။

• သင်မျက်စိ၏ပုံမှန်စစ်ဆေးမှုအတွက်၊ သင်၏မျက်စိဆရာဝန်နှင့်တွေ့ရာတွင် သင်၏သွေးအတွင်း သကြားဓါတ်စဉ်ဆက်မပြတ်ထိန်းချုပ်ထားခြင်းသည်အရေးကြီးပါသည်၊အကယ်၍သွေးအတွင်းသကြားဓာတ် မညီမညာဖြစ်နေပါကမျက်စိ၏အာရုံစူးစိုက်စွမ်းအားကိုပြောင်းလဲစေသည်၊သင်၏ဆရာဝန်ကမျက်မှန်အသစ် သတ်မှတ်ရာတွင်တိုင်းတာမှုကိုအနှောင့်အယှက်ပြုလိမ့်မည်။               သင်၏သွေးအတွင်းသကြားဓါတ်ထန်းချုပ်မှုမရှိသည့်အချိန်တွင်မျက်မှန်ကောင်းမွန်စွာအလုပ်လုပ်သည်၊သင်၏သွေးအတွင်းသကြားဓါတ်တည်ငြိမ်မှုရှိပါကကောင်းမွန်စွာအလုပ်လုပ်မည်မဟုတ်ပါ။

သင့်၏မျက်စဆရာဝန်  Eye M.D. သည်  အဘယ်ကြောင့်အမြင်အာရုံကမှုန်ဝါးနေသည်၊ လေဆာ ရောင်ခြည်ကုသမှုသင့်မသင့်နှင့်ထိုကဲ့သို့ဖြစ်လျှင်လေဆာကုသမည့်နေရာစသည်တို့ကိုဆုံးဖြတ်မှုတွင်ကူညီ ရန်အသုံးဝင်သော အောက်ပါအပိုစမ်းသပ်မှုများကို ရှာဖွေတွေ့ရှိမည်။


ဖလူအိုရေဆင် ပုံရိပ်ဖမ်းယူကြည့်ရှုစစ်ဆေးခြင်း (Fluorescein angiography)
သင်၏ဆရာဝန်ကသင်၏မြင်လွှာကိုဆက်လက်အကဲဖြတ်ရန် သို့မဟုတ် လိုအပ်သည့်အခါလေဆာ ကုသမှုကိုလမ်းပြရန် fluorescein angiography ကိုမှာနိုင်သည်။ ဤအရာသည် သင်၏ လက်မောင်းသွေး ပြန်ကြောအတွင်းသေးငယ်သည့်အဝါရောင်ဆိုးဆေး (fluorescein) ပမာဏထိုးပြီးနောက် မြင်လွှာ၏ဓာတ် ပုံစီးရီးများကိုရိုက်ယူရန် အထူးကင်မရာအသုံးပြသည့် ရောဂါအမည် ဖေါ်ထုတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း ဖြစ်သည်။
မြင်လွှာသွေးကြောတစ်လျှောက်လုံးလည်ပတ်ပျံ့နှံ့သော အဝါရောင်ဆိုးဆေး(fluorescein dye)၏ ဓာတ်ပုံ များသည် အောက်ပါအချက်များကိုပြသသည်။
  • မည်သည့်သွေးကြောကအရည်များယိုစီးခြင်း၊
  • အရည်များဘယ်လောက်ယိုစီးခြင်း၊
  •  သွေးကြောပိတ်မှုပမာဏအရေအတွက်များ၊
  •  သွေးကြောသစ်များစတင်ခြင်း၊

မြင်လွှာစကန်ဖတ်ကရိယာ Optical coherence tomography (OCT) 
OCT သည် မြင်လွှာ၏resolution မြင့်သည့် ပုံရိပ်များကိုပေးစွမ်းသည့်ထိုးဖောက်ပြန့်ပွားမှုမရှိသော သင်၏မျက်စိဆရာဝန်အားအထူကိုအကဲဖြတ်ရာတွင် ကူညီသည့် လေဆာစကန်ဖတ်ကရိယာဖြစ်သည်၊ 


အယ်ထရာစောင်း (Ultrasound)
အကယ်၍သင်၏အထူးကုဆရာဝန်က အရည်ကြည် သွေးယိုမှုများကြောင့် မြင်လွှာကိုမမြင်နိုင်ပါက၊ စမ်းသပ်ရုံးထဲတွင်  အယ်ထရာစောင်း (Ultrasound) ရိုက်ရမည်။ အယ်ထရာစောင်း (Ultrasound) ရိုက် ခြင်းသည်သင်၏မြင်လွှာကွာနေမှုရှိမရှိကိုဆုံးဖြတ်ရန်သွေးကြောမှတဆင့်"မြင်"နိုင်သည်။ အကယ်၍မက်ကူ လာနားတွင်မြင်လွှာကွာမှုရှိပါကယေဘုယျအားဖြင့်ချက်ချင်းခွဲစိတ်ကုသရန်တောင်းဆိုကြသည်။ ဆီးချိုကြောင့် မျက်စိပျက်စီးမှု (Diabetic Retinopathy)  ပြည့်စုံစွာစိစစ်ပြီးချိန်တွင် သင်၏မျက်စိအထူးကု ဆရာဝန်ကဘယ်အချိန်ကုသရန် သို့မဟုတ် ပြန်လည်စစ်ဆေးရန်လိုအပ်သည်ကိုဆုံးဖြတ်ပါလိမ့်မည်။

သင်သည်ဆီးချိုရောဂါရှိပါက အကယ်၍သင်သည် မျက်စိတစ်ဘက်တည်းသာ အမြင်အာရုံပြောင်း လဲစေသည့်ထိခိုက်မှုရှိပါက နောက်ဆုံးရက်အနည်းငယ်နှင့် သွေးအတွင်းသကြားဓါတ်ပြောင်းလဲခြင်းနှင့် ဆက်နွယ်မှုမရှိပါက သင်၏မျက်စိအထူးကုဆရာဝန်ကိုချက်ချင်းတွေ့ သင့်သည်၊


မျက်စိစစ်ဆေးရန်အစီအစဉ်ရေးဆွဲသည့်အချိန် (When to schedule an eye examination)
ဆီးချိုနှင့်ပက်သက်သောအမြင်လွှာရောဂါသည်များသောအားဖြင့်ဖြစ်ပေါ်ကြီးထွားရန်နှစ်ပေါင်းများစွာ ကြာသည်၊ ထို့ကြောင့်မျက်စိကိုပုံမှန်စစ်ဆေးမှုရှိရန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော်ဆီးချို အမျိုး အစား ၂ ဖြစ်သောသူသည် ရောဂါရှာဖွေဖေါ်ထုတ်မှုမရှိမီ၊အချို့ချိန်များတွင် ဆီးချိုရောဂါနှင့်အတူနေထိုင်ခဲ့ ကြပေမည်။ထို့ကြောင့် မျက်စိအထူးကုဆရာဝန် (Eye M.D.)နှင့် နှောင့်နှေးခြင်းမရှိဘဲတွေ့ဆုံရန် အရေးကြီး သည်။  
                                                                
မျက်စိပညာရပ်ဆိုင်ရာ၏အမေရိကန်အကယ်ဒမီက ဆီးချိုရောဂါဖြစ်သူများအားအောက်ပါဆီးချိုမျက်စိ စစ်ဆေးမှုဆိုင်ရာအချိန်ဇယားကိုအကြံပြုထားသည်။
ဆီးချို အမျိုးအစား ၁ - ရောဂါရှာဖွေတွေ့ရှိပြီး (၅) နှစ်အတွင်းနှင့်နှစ်စဉ်၊
ဆီးချို အမျိုးအစား ၂ - ဆီးချိုရောဂါ အမျိုးအမည်ရှာဖွေဖော်ထုတ်နေချိန်နှင့်နှစ်စဉ်၊
ကိုယ်ဝန်ဆောင်စဉ်အတွင်း - ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ပထမဦးဆုံးသုံးလပတ်အတွင်းတွင်မျက် စိအထူးကုဆရာဝန်နှင့် အချိန် ဇယားရက်ချိန်းသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်စဉ် အတောအတွင်းတွင်ဆီးချိုလျှင်မြန်စွာတိုးပွားစေနိုင်သည်။ 


လူနာများကိုစောင့်ကြည့်ပြီး၊မျက်စိအထူးကုဆရာဝန် (Eye M.D.)
သည်နှစ်စဉ်မျက်စိစစ်ဆေးမှု၏အရေးပါမှု များကိုဆွေးနွေးသည်။


•    ဆီးချိုမျက်စိရောဂါကုသမှု (Treatment )
ဆီးချိုမျက်စိရောဂါကုသမှုအတွက်အကောင်းဆုံးကုသမှုသည်ကာကွယ်ခြင်းဖြစ်သည်။ သင်၏သွေး အတွင်းသကြားဓာတ်တင်းကျပ်သောထိန်းချုပ်မှုသည်  အမြင်လွှာဆုံးရှုံးမှုအန္တရာယ်ကိုရေရှည်လျှော့ချနိုင်ပါ လိမ့်မည်။ကုသမှုသည်များသောအားဖြင့်ဆီးချိုမျက်စိရောဂါကိုပျောက်ကင်းစေမည်မဟုတ်သလို၊ပုံမှန်အမြင် အာရုံကိုမူရင်းအတိုင်းပြန်လည်မဖြစ်နိုင်စေပါ၊ သို့သော်အမြင်အာရုံဆုံးရှုံးမှုဖြစ်စဉ်ကိုနှေးကွေးစေနိုင်သည်။ ကုသမှုမရှိပါက ဆီးချိုမျက်စိရောဂါဖြစ်စဉ်များသည် အနည်းဆုံးအဆင့်မှပြင်းထန်သည့်အဆင့်သို့တဖြည်း ဖြည်း ရောက်ရှိလာမည်ဖြစ်သည်။

•    လေဆာနည်းခွဲစိတ်ခြင်း (Laser surgery)
 လေဆာရောင်ခြည်သည်အလွန်တောက်ပပြီး၊အလင်းရောင်ကိုကောင်းမွန်စွာအာရုံစိုက်စေသည်။ ၄င်းသည် ကြည်လင်သောမျက်ကြည်လွှာ၊ မှန်ဘီလူးနှင့်ပျစ်ရည်ကြည်များမှတဆင့် ထိခိုက်မှုမရှိဘဲဖြတ် သန်းနိုင်သည်။ လေဆာနည်းဖြင့်ခွဲစိတ်ခြင်းသည်ပုံမှန်မဟုတ်သောသွေးကြောသစ်များနှင့်မက်ကူလာ ရောင် ရမ်းမှုများကိုလျော့နည်းစေသည်။လေဆာနည်းကုသမှုကို များသောအားဖြင့် မက်ကူလာရောင်ရမ်းသူများ၊ သွေးကြော အသစ်များနှင့်ဖွဲ့စည်းထားသည့်ဆီးချိုမျက်စိရောဂါ (PDR)နှင့် သွေးကြောသစ်မှဖြစ် ပေါ်သည့် ရေတိမ် (Neovascular glaucoma)ဖြစ်သူများအတွက်အကြံပြုကြသည်။ လေဆာနည်းဖြင့်ခွဲစိတ်မှုသည် များသောအားဖြင့်ရုံးခန်းပြင်ဆင်မှုအတွင်းသာဆောင်ရွက်ကြသည်။ထုံဆေး မျက်စဉ်းခတ်လုပ်ထုံးလုပ်နည်း ပြုလုပ်စဉ်အတွင်းတွင်သက်တောင့်သက်သာမှုရှိစေရန်၊ တခါတရံမျက်စိနှင့်ကပ်လျက်ပေးသော်လည်းမရှိ မဖြစ်လိုအပ်သည်၊ လူနာက slit-lamp microscope  ဟုခေါ်သည့် အဏုကြည့် ကိရိယာတွင်ထိုင်နေစေ မည်၊တိကျမှန်ကန်မှုရှိသောမြင်လွှာပေါ်လေဆာအလင်းကိုအာရုံစိုက်နိုင်ရန်အတွက် မျက်ကပ်မှန်ကို ယာယီ ချထားရှိခြင်းခံရမည်။

မက်ကူလာရောင်ရမ်းမှုအတွက်လေဆာခွဲစိတ်ရာတွင်၊အရည်ယိုစိမ့်မှုများကိုလျှော့ချစေရန်အတွက် အလွန်သေးငယ်သောအပူလောင်လေဆာကိုမက်ကူလာနားတွင်အသုံးချရသည်၊  ကုသမှု၏အဓိကရည်မှန်း ချက်မှာနောက်ထပ်အမြင်အာရုံဆုံးရှုံးမှုများကိုကာကွယ်တားဆီးရန်အတွက်မက်ကူလာရောင်ရမ်းမှုကိုလျှော့ချစေခြင်းဖြစ်သည်။ ၄င်းသည် တချို့ကတစိတ်တပိုင်းမွမ်းမံမှုအတွေ့အကြုံခံစားမှုရှိခဲ့သော်လည်း၊ မက်ကူ လာရောင်ရမ်းမှုကြောင့် အမြင်မှုန်ဝါးနေသောသူများအတွက် နဂိုအတိုင်းပြန်လည်ဖြစ်လာစေရန်ရှားပါးမည် ဖြစ်သည်။

လူသူအနည်းငယ်ကနောက်ကုသမှု၏ဗဟိုမြင်လွှာနားတွင် လေဆာစက်အပြောက်များမြင်ရလိမ့်မည်။ များသောအားဖြင့်အချိန်ကာလနှင့်အတူမှေးမှန်သွားမည်၊သို့သော် လုံးဝပျောက်ကွယ်သွားမည်မဟုတ်ပါ။

PDR ထဲတွင်လေဆာသည်မက်ကူလာ (PRP, or panretinal photocoagulation ဟုခေါ်သည်) မှ တပါး၊မြင်လွှာ၏ အားလုံးသောအစိတ်အပိုင်းများကိုအသုံးချခြင်းဖြစ်သည်။

ဤကုသမှုသည် ပုံမှန်မဟုတ်သောသွေးကြောသစ်အားကျုံ့စေပြီး၊ အနာဂတ်တွင်ကြီးထွားလာမှုကို ကာကွယ်ပေးသည်။ ထို့အပြင် အရည်ကြည်အတွင်းသွေးထွက်မှု သို့မဟုတ် မြင်လွှာပုံပျက်မှု ဖြစ်ပေါ်စေနိုင် သောအခွင့်အလမ်းကိုလျော့နည်းစေပါမည်။

အရည်ကြည်မှသွေးယို(vitreous hemorrhage ) နှင့်မျက်စိမြင်လွှာကွာခြင်းမှပြင်းထန်သော အမြင် အာရုံဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် Panretinal laser ရိုက်ခြင်းသည် အလွန်ထိရောက်ကြောင်းသက် သေပြခဲ့သည်။ လေဆာကုသမှုကိုအကြိမ်များစွာပြုလုပ်ရန်လိုအပ်လိမ့်မည်၊လေဆာကုသနည်းသည်ဆီးချိုမျက်စိကိုကုသမှု မရှိသည့်အပြင် အမြင်အာရုံနောက်ထပ်ဆုံးရှုံးမှုကိုအမြဲတမ်းကာကွယ်တားဆီးနိုင်မှုမရှိပါ။

• အရည်ကြည်ခွဲစိတ်ကုသမှု (Vitrectomy surgery)
Vitrectomy  ဆိုသည်မှာ ဆေးရုံ သို့မဟုတ်လူနာခွဲစိတ်ကုသမှုစင်တာများတွင် ခွဲစိတ်ကုသမှုလုပ် ထုံးလုပ်နည်းဖြစ်သည်။ များသောအားဖြင့်ပြင်ပလူနာအခြေခံပေါ်တွင် သို့မဟုတ် တိုတောင်းသောကာလ အတွင်းဆေးရုံနေထိုင်သူများအတွက်ဆောင်ရွက်သည်။ ဒေသခံဖြစ်စေ သို့မဟုတ် အထွေထွေထုံဆေးများ ကိုအသုံးပြုနိုင်သည်။  Vitrectomyခွဲစိတ်စဉ်အတွင်းတွင်၊  အဏုကြည့်ကိရိယာနှင့် အသေးစားခွဲစိတ်မှု ကိရိယာများမျက်စိထဲတွင်ပုံမှန်မဟုတ်သောသွေးကြောများနှင့်အတူပါလာသောသွေးနှင့်သွေးနှင့်အမာရွတ်တစ်သျူးများဖယ်ရှားပစ်ရန်အသုံးပြုကြသည်။ အရည်ကြည်ထဲသွေးထွက်မှုကိုဖယ်ရှားခြင်းသည် အလင်း ရောင်အားမြင်လွှာပေါ်သို့် နောက်တစ်ကြိမ်ပြန်လည်အာရုံစိုက်စေရန်ဖြစ်သည်။      
                                                             
Vitrectomy သည်သွေးထွက်စေသည့် ပုံမှန်မဟုတ်သောသွေးကြောများဖယ်ရှားခြင်းအားဖြင့် အရည်ကြည်ထဲသွေးဆက်လက်ထွက်မှုကိုကာကွယ်ရန်ဖြစ်သည်။ အမာရွတ်တစ်သျှူးများဖယ်ရှားခြင်းသည် မြင်လွှာအားပုံမှန်တည်နေရာသို့ပြန်လည်တည်ရှိရန်ကူညီပေးသည်၊လေဆာခွဲစိတ်မှုကို vitrectomy ခွဲစိတ် စဉ်ကာလအတွင်းလုပ်ဆောင်နိုင်သည်။

မြင်လွှာကိုနေရာတကျတည်ရှိရေးကူညီရန်သင်၏မျက်စိအထူးကုဆရာဝန်ကအရည်ကြည်လစ်လပ် နေရာတွင်ဓါတ်ငွေ့ သို့မဟုတ် ဆီပူဖောင်းထားရှိနိုင်သည်။ ဆီပူဖောင်းကမြင်လွှာအားကုသရန် ကူညီနေစဉ် တွင်၊ သင်၏ဦးခေါင်းကိုစိတ်ချသေချာသောနေရာတွင်ထားရှိရမည်၊ သင်၏မျက်စိကိုစနစ်တကျမှန်ကန်စွာ ကုသမှုရရှီစေရန်သင့်မျက်စိအထူးကုဆရာဝန်၏ညွှန်ကြားချက်များကို လိုက်နာရန်အရေးကြီးသည်။

•    ဆေးဝါးထိုးသွင်းကုသခြင်း၊ (Medication injections)
အချို့သောကိစ္စများတွင်မျက်စိဆီးချိုဖြစ်ခြင်းကိုဆေးဝါးသုံးကုသခြင်းဖြင့်အသုံးပြုနိုင်သည်။ တစ်ခါ တစ်ရံတွင်စတီးရိုက် (Steroid) ဆေးဝါးမျိုးကိုအသုံးပြုသည်။ အခြားကိစ္စများတွင်၊သင်သည်  Anti-VEGF ဆေးဝါးဆန့်ကျင်မှုကိုလက်ခံရရှိနိုင်သည်။ ဤဆေးဝါးသည် vascular endothelial growth factor ဟုလူသိများနေသည့်အရာဝတ္ထု သို့မဟုတ် VEGF ပိတ်ဆို့ခြင်းအားဖြင့်အလုပ်လုပ်သည်၊ဤအရာဝတ္ထုသည် သင်၏အမြင်အာရုံကိုထိခိုက်နိုင်သော မျက်စိထဲက ပုံမှန်မဟုတ်သောသွေးကြောအားကြီးထွားစေသည်။ Anti-VEGF သည် အဆိုပါပုံမှန်မဟုတ်သောသွေးကြောများကြီးထွားမှုကိုလျှော့ချမှုတွင်ကူညီပေးနိုင်သည်။  သင်၏မျက်စိသူငယ်အိမ်ချဲ့လာပြီး၊သင့်မျက်စိကမေ့ဆေးကြောင့်ထုံလာပြီးနောက်ဆေးကမျက်စိ၏ နောက် ဘက်တွင်ရှိသည့်အရည်ကြည်ထဲ သို့မဟုတ် ဂျယ်လီကဲ့သို့သောအရာဝတ္ထုထဲကိုထိုးသွင်းလိုက်သည်။

ဆေးဝါးသည် ရောင်ရမ်းမှု၊ ယိုစိမ့်မှုနှင့်မြင်လွှာအတွင်းကြီးထွားသည့်မလိုအပ် သောသွေး ကြောကြီးထွားမှု များလျှော့ချပြီး၊ သင်၏တွေ့မြင်ပုံကိုတိုးတက်ကောင်းမွန်လာစေနိုင်သည်။

ဆေးဝါးကုသမှုများသည်တစ်ကြိမ် သို့မဟုတ် ထိုးဆေးစီးရီအတွဲလိုက်အဖြစ် ပုံမှန်ကြားကာလတွင် လည်းထိုးပေးနိုင်သည်။များသောအားဖြင့်လေးပတ်မှခြောက်ပတ်အထိ၊ သို့မဟုတ်  သင့်ဆရာဝန်၏ဆုံးဖြတ် ချက်အတိုင်းလည်းဖြစ်နိုင်သည်။        
 


   
Eye Knowledge