ရေတိမ်ဆိုတာဘာလဲ။

ရေတိမ်ရောဂါသည်သင်မျက်စိ၏အမြင်အာရုံကြောကိုပျက်စီးဆုံးရှုံးမှုစေသည့်ရောဂါဖြစ်သည်၊ ပုံမှန် အားဖြင့်သင်၏မျက်စိ၏ ရှေ့ပိုင်းတွင်အရည်တည်ဆောက်သည့်အခါတွေ့ကြုံတတ်သည်၊ အဆိုပါအပိုရည် သည်သင်၏မျက်စိအားဖိအားတိုးပွားမှုသက်ရောက်စေပြီး၊ အမြင်အာရုံကြောကိုထိခိုက်ပျက်စီး (မျက်စိကွယ်) စေနိုင်သည်။
  •  ရေတိမ်ရောဂါသည် အသက် 60 ကျော်သူများအတွက် မျက်စိကွယ်စေသည့် အရေးကြီးသော ဦးဆောင်အကြောင်းရင်းဖြစ်သည်၊ သို့သော်ရေတိမ်ရောဂါမှမျက်စိကွယ်ခြင်းသည်ရောဂါဖြစ်စကကုသမှုနှင့် အတူတားဆီးနိုင်သည်၊ ရေတိမ်ရောဂါဖြစ်ပွားလာသည့်အခါ၊ များသောအားဖြင့်ရောဂါဖြစ်စတွင်သင်သည် မည်သည့်လက္ခဏာမှပြမှုမရှိပဲ၊ ရောဂါတဖြည်းဖြည်းပျံ့နှံ့သွားသည်၊ ဤနည်းအားဖြင့်ရေတိမ်ကသင်၏ အမြင်အာရုံကို တဖြည်းဖြည်းခိုးယူပြီးမျက်စိကွယ်နိုင်စေသည်၊ ကံကောင်းထောက်မစွာရောဂါဖြစ်စတွင်ရှာ ဖွေတွေ့ရှိပြီး၊ (ရေတိမ်ရောဂါ မျက်စဉ်းခတ်ဆေးခြင်း၊ရေတိမ်ခွဲစိတ်မှုပြုလုပ်ခြင်း သို့မဟုတ် နှစ်မျိုးစလုံးနည်း ဖြင့်) ကုသနိုင်ပါက သင့်၏အမြင်အာရုံကိုထိန်းသိမ်းစောင့်ရှောက်ကူညီနိုင



ရေတိမ်ရောဂါအမျိုးအစားအမျိုးမျိုးရှိသည်
  • လမ်းကြောင်းပွင့်ရေတိမ်  Open-angle glaucoma အတွေ့ရအများဆုံးရေတိမ်မှာ လမ်းကြောင်းပွင့်ရေတိမ် (open-angle glaucoma) ဟုခေါ်သည်၊ မျက်စိ၏ trabecular meshwork က အရည်ဖောက်ထုတ်ရာတွင် ထိရောက်မှုတဖြည်းဖြည်းနည်းပါးသည့် အချိန်မှာဖြစ်ပေါ်တတ်သည်၊
  • ဤကို့သို့ဖြစ်ပျက်ခြင်းကို  မျက်စိထဲက ဖိအား intraocular pressure (IOP) မြှင့်တက်ခြင်းဖြစ် သည်ဟုခေါ်ပြီး၊ အမြင်အာရုံကြောကိုပျက်စီးစေနိုင်သည်၊  သင်၏အထူးကုဆရာဝန်က  သင်၏မျက်စိအမြင် အာရုံကြောဆက်လက်ပျက်စီးစေမှုကိုကာကွယ်နိုင်မည့် သင့်အတွက်မျက်စိဖိအားသတ်မှတ်ချက် ပစ်မှတ် တည်ပေးမည်၊ ကွဲပြားခြားနားသောလူနာကကွဲပြားခြားနားသည့်ဖိအားသတ်မှတ်ချက်ပစ်မှတ်ရှိသည်၊မျက်စိ ဖိအားပုံမှန်စစ် ဆေးစမ်းသပ်ခြင်း၊ အထူးကုဆရာဝန်မှ အမြင်အာရုံကြောကို စနစ်ကျမှန်ကန်သောရောဂါ အမျိုးအစားဆန်းစစ်ဖေါ်ထုတ်ခြင်းများလိုအပ်သည်။
  • လမ်းကြောင်း ပိတ်ရေတိမ် Angle-closure glaucoma (also called "closed-angle glaucoma" or "narrow-angle glaucoma") 
  • ဤအမျိုးအစားသည် တစ်စုံတစ်ဦး၏မျက်နက်ဝန်းကမျက်စိထဲက drainage လမ်းကြောင်းနှင့် အလွန်နီးကပ်သည့်အခါတွေ့ကြုံတတ်သည်၊ အဆိုပါမျက်နက်ဝန်းသည် drainage လမ်းကြောင်းကိုအဆုံး သတ်ပိတ်ဆို့နိုင်သည်၊ ၄င်းသည်စစ်မှန်သောမျက်စိအရေးပေါ်ဖြစ်ပြီး၊ သင်သည်မျက်စိအထူးကုဆရာဝန်ကို ချက်ချင်းခေါ်သင့်သည်၊ မဟုတ်ပါကသင့်မျက်စိကန်းသွားပါလိမ့်မည်။

ရောဂါ၏ရုတ်တရက် လက္ခဏာများ (Symptoms of an acute attack)
  • သင်၏အမြင်အာရုံသည် ရုတ်တရက်မျက်စိမှုံလာမည်၊
  • မျက်စိ ပြင်းထန်စွာနာကျင်မည်၊
  •  ခေါင်းကိုက်မည်၊
  • အစာအိမ်က (ပျို့အန်) ချင်မည်၊
  • ပျို့အန်မည်၊
  • သက်တန့်ရောင်အဝိုင်းကွင်းများမြင်နေရမည်၊လမ်းကြောင်း ပိတ်ရေတိမ်(ထောင့်ပိတ်ရေတိမ်)ဖြစ်မှုသည် ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေ အနေဖြစ်ပြီး၊ ချက်ချင်းကုသရမည်ဖြစ်သည်။
  •  မွေးရာပါရေတိမ်  (Congenital glaucoma) မွေးရာပါရေတိမ်သည် မွေးကင်းစနှင့်ကလေးငယ်များတွင်ဖြစ်ပေါ်ရန်ရှားပါးသည့်အမျိုးစားဖြစ်ပြီး၊ အမွေဆက်ခံနိုင်သည်၊ အခြားရေတိမ်အမျိုးအစားများထက်တွေ့ရန်နည်းနေစဉ်တွင်ရောဂါဖြစ်စတွင်ကုသမှု မပေးနိုင်ပါက ဤရောဂါအခြေအနေသည်မျက်စိကွယ်နိုင်စေသည်အထိအကျိုးဆက်ဖြစ်စေနိုင်သည်။
  • နာတာရှည်ရေတိမ် (Secondary glaucoma) နာတာရှည်ရေတိမ်သည်အခြားမျက်စိမျက်စိထိခိုက်ခံထားရာ သို့မဟုတ် ရောဂါမှဆက်ဖြစ်လာခြင်း ကြောင့်ဖြစ်လာသည်၊ ဥပမာအားဖြင့်မျက်စိဒဏ်ရာရှိခဲ့ဖူးသူ၊ရေရှည် စတီရွိုက်ရောဂါကုထုံးနေသူ သို့မဟုတ် အဖုအကျိတ်ရှိသူများသည်နာတာရှည်ရေတိမ်ဖြစ်ပေါ်စေနိုင်သည်။
  • သာမှန်ဖိအားရေတိမ် (Normal-tension glaucoma) "သာမှန်" မျက်စိဖိအားသည်  တိုင်းတာမှု 21 mmHg ထက်လျော့နည်းသည်ဟု သုံးသပ်သော် လည်းအထင်မြင်မှားစေနိုင်သည်၊ တချို့သောလူများက သာမန်ဖိအားရေတိမ်  သို့မဟုတ် ဖိအားနိမ့်ရေတိမ် ခေါ်ရေတိမ်အမျိုးအစားရှိသည်၊သူတို့၏ မျက်စိဖိအားသည် အပြောင်းအလဲမရှိ 21 mmHg အောက်ရှိသော် လည်းအမြင်အာရုံကြောနှင့်ပျက်စီးစေပြီး၊မြင်နိုင်မှုကိုဆုံးရှုံးနေဆဲဖြစ်သည်၊ သာမှန်မျက်စိဖိအားရှိသောသူ သည်များသောအားဖြင့် လမ်းကြောင်းပွင့်ရေတိမ် ရှိသောသူကဲ့သို့တူညီသောနည်းလမ်း ဖြင့်ကုသသည်။
  •  ရေတိမ်ရောဂါသံသယရှိသူ (Glaucoma suspect) တချို့သောလူများကသာမန်မျက်စိဖိအားများဖြစ်သော်လည်းသူတို့၏အမြင်အာရုံကြော သို့မဟုတ် မြင် ကွင်းကရေတိမ်ဖြစ်ရန်အတွက်သံသယဖြစ်ဖွယ်မှုရှိသည်၊ ဤကဲ့သို့သောလူများကို ဂရုတစိုက်စောင့်ကြည့်ရ မည်၊အဘယ်ကြောင့်ဆိုသော်နောက်ဆုံးတွင်ရေတိမ်အဖြစ်ကြီးထွားလာမည်ဖြစ်ပြီးကုသရန်လိုအပ်သည်။


ရေတိမ်ဖြစ်ရခြင်းအကြောင်းရင်းများ (Causes of Glaucoma)
ရေတိမ်ဖြစ်ရခြင်းအကြောင်းတရားသည် မျက်စိကအရည်များထိရောက်စွာစစ်ထုတ်နိုင်ခြင်းမရှိ သည့်အတွက်၊ မျက်စိဖိအား (IOP) မြင့်စေသည့်အကြောင်းပါဝင်သည်။
  • Aqueous humor ခေါ်သည့်အရည်ကြည်သည် မျက်စိ၏ရှေ့ပိုင်းအတွင်းတွင်လှည့်ပတ်နေသည်၊ မျက်စိဖိအားကျန်းမာရေးကိုအစဉ်အမြဲထိန်းသိမ်းထားရန်၊ မျက်စိထဲမှတူညီသည့်ဤအရည်၏ ပမာဏ ယိုစီးထွက်နေစဉ်တွင်သေးငယ်သော aqueous humor အရည်ကြည်ကိုစဉ်ဆက်မပြတ်ထုတ်လုပ်ပေး သည်၊အဆိုပါအရည်သည် trabecular meshwork ခေါ် အလွန်သေးငယ်သောလမ်းကြောင်းမှတဆင့် ယိုစီးလာသည်၊ ဆဲလ်များနှင့်တစ်ရှူးများ၏ရှုပ်ထွေးသောကွန်ရက်ကို drainage angle ဟုခေါ် သည်၊



drainage angle လမ်းကြောင်းပိတ်ဆို့ထားပါက ပိုလျှံသောအရည်သည် မျက်စိထဲမှ ယိုစီးမထွက်နိုင်သည့်အတွက်အရည်ဖိအားကိုတိုးမြှင့်စေသည်။

သင်သည်ရေတိမ်ရောဂါရှိပါက မျက်လုံးတွင်းအရည် (aqueous humor) သည်မျက်ဝန်းကြား ထောင့်လမ်းကြောင် (trabecular meshwork) မှ စနစ်တကျ ဖြတ်သန်းယိုစီးမှုမရှိပါ၊
အကယ်၍ drainage angle လမ်းကြောင်းကအရည်များစစ်ထုတ်နိုင်ခြင်းထိရောက်မှုလျှော့နည်း ပါက  လမ်းကြောင်းပွင့်ရေတိမ်များတွင်ဖြစ်နေကျသကဲ့သို့၊ ပိုလျှံသောအရည်သည် မျက်စိထဲမှယိုစီးမထွက် နိုင်သည့်အတွက်အရည်ဖိအား (IOP)ကိုတိုးမြှင့်စေသည်။

အချိန်ကြာလာသည်နှင့်အမျှ၊ တိုးမြှင့်သောဖိအား (IOP)သည်  အာရုံကြောအမျှင်ကိုပျက်စီးစေ သည်၊ drainage angle လမ်းကြောင်းသည်လုံးဝပိတ်ဆို့သွားပါကမျက်စိအတွင်းဖိအား အားလျင်မြန်စွာ တိုးမြှင့်စေပြီး၊ လမ်းကြောင်းပိတ်ရေတိမ် (narrow-angle glaucoma or angle-closure glaucoma) ကို ဖြစ်ပေါ်စေသည်၊ သင့်အနေဖြင့်ရုတ်တရက်ပြင်းထန်စွာ မျက်လုံးနှင့်နဖူးနာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း၊အမြင်အာရုံချို့ယွင်းလာခြင်းများဖြစ်လာသည်၊ဤကဲ့သို့သောရေတိမ်အမျိုးအစားသည်ကျန်းမာ ရေးဆိုင်ရာအရေးပေါ်အခြေအနေဖြစ်ပြီး၊ချက်ချင်းကုသရမည်ဖြစ်သည်။

မျက်စိအမြင်အာရုံကြောပျက်စီးမှုသည်ကွဲပြားခြားနားသော လူနာများအကြား ကွဲပြားခြားနားသော မျက်စိဖိအားတွင်ဖြစ်ပွားနိုင်သည်၊သင်၏မျက်စိအထူးကုဆရာဝန်က သင်၏အမြင်အာရုံကြောမှထပ်မံပျက် စီးမှုကို ကာကွယ်ပေးနိုင်မည်ဟုခန့်မှန်းထားသည့်မျက်စိဖိအားပစ်မှတ်ကိုသတ်မှတ်ပေးသည်၊ကွဲပြားခြားနား သောလူနာကကွဲပြားခြားနားသောမျက်စိဖိအားပစ်မှတ်ရှိသည်။

တချို့လူများက သာမန်ဖိအားရေတိမ်  သို့မဟုတ် ဖိအားနိမ့်ရေတိမ်ခေါ်ရေတိမ်အမျိုးအစားရှိသည်၊ အဆိုပါမျက်စိဖိအားသည် 21 mmHg အောက်တသမတ်တည်းရှိနေသော်လည်း၊ အမြင်အာရုံကြောပျက်စီး မှုများနှင့်အမြင်အာရုံဆုံးရှုံးမှုများဖြစ်ပွားနေဆဲဖြစ်သည်။

ရေတိမ်ရောဂါသည် အခြားမျက်စိမျက်စိထိခိုက်ခံထားရာ သို့မဟုတ် ရောဂါကြောင့်ဖြစ်နိုင်သည်၊ ၄င်းကို နာတာရှည်ရေတိမ်ဟု ခေါ်သည်၊  နာတာရှည်ရေတိမ်ဖြစ်ရခြင်းအကြောင်းရင်းမှာ - 
  • မျက်စိဒဏ်ရာရခြင်း၊ 
  • မျက်စိရောင်ခြင်း၊ 
  • ဆီးချိုရောဂါ သို့မဟုတ် မြင်လွှာသွေးကြောပိတ်ဆို့မှုရောဂါမှ ပုံမှန်မဟုတ်သောသွေးဖွဲ့စည်းမှု၊
  • Steroid ပါဝင်သောဆေးဝါးများ (ဆေးပြား၊ မျက်စဉ်းခတ်ဆေး၊ စပရေး)  အသုံးပြုမှု၊  သို့မဟုတ်
  • မျက်နက်ဝန်း (မျက်စိ၏အရောင်တစ်စိတ်တစ်ဒေသ) မှသေးငယ်သည့်အပိုင်းအစ သို့မဟုတ် အစေ့အပွင့်များသည် မျက်စိ၏အရှေ့ပိုင်းရှိအတွင်း အရည်ဖြစ်သည့် မျက်လုံးတွင်းအရည် 

(Aqueous Humor) ထဲကိုပျံ့နှံ့စေပြီး၊ မျက်စိ၏အတွင်းအရည်၏ အတွက်အလွန်သေး ငယ်သောလမ်းကြောင်းဖြစ်သည့် trabecular meshwork ကိုကာကွယ်ပေးသည်၊
သင်သည်သင်၏ မျက်လုံးအထူးကုဆရာဝန်  Eye M.D. မှ ရေတိမ်ရောဂါ စစ်ဆေးဖေါ်ထုတ် မှုရရှိပါက၊ သင့်ဆရာဝန်က ရေတိမ်မျက်စိမျက်စဉ်းခတ်ဆေးနှင့်/သို့မဟုတ် ရေတိမ်ရောဂါခွဲစိတ် ကုသမှု ကဲ့သို့သော ဖြစ်နိုင်သော ကုသမှုဆိုင်ရာနည်းလမ်းရွေးပိုင်ခွင့်များ အကြောင်းများကိုပြော ဆိုလိမ့်မည်။


ရေတိမ်ရောဂါအတွက် ဘယ်သူက အန္တရာယ်ဖြစ်သလဲ  (Who Is at Risk for Glaucoma? )
  • အသက် 40 ကျော်သူများ၊
  • မိသားစုဝင်ထဲကရေတိမ်ရောဂါရှိသူများ၊
  • အာဖရိကတိုက်သား သို့မဟုတ် စပိန်မျိုးဆက်ဘာသာစကားပြောသူများ၊
  • အာရှသားမျိုးဆက်များ (အာရှသားများက လမ်းကြောင်း ပိတ်ရေတိမ် အန္တရာယ်ဖြစ်များပြီး၊ ဂျပန်လူမျိုးများက ဖိအားနိမ့်ရေတိမ်ဖြစ်နိုင်ခြေများသည်၊)
  • မျက်စိဖိအားမြင့်သူများ၊
  • အနီးမှုန် သို့မဟုတ် အဝေးမှုန်ဖြစ်သူများ၊
  • မျက်စိဒဏ်ရာရှိသူများ၊
  • မျက်ကြည်လွှာ အလယ်ဗဟိုလ်တွင်ပါးလွှာသူများ၊ သို့မဟုတ်
  • ဆီးချိုရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်၊ သွေးတိုးရောဂါ၊သွေးလှည်ပတ်မှုချို့ယွင်းခြင်း သို့မဟုတ် ခန္ဓာကိုယ် တကိုယ်လုံးအားပြဿနာဖြစ်စေသည့်အခြားသောရောဂါ၊
  • သင်၏ရေတိမ်ရောဂါဖြစ်နိုင်ခြေအန္တရာယ်များကို အထူးကုဆရာဝန်အားဆွေးနွေးပါ၊ ဤအန္တရာယ်တစ်မျိုးထက်ပိုများသောသူသည်ရေတိမ်ရောဂါဖြစ်ရန်အန္တရာယ်ပိုများသည်။


ရောဂါအမည်စစ်ဆေးဖေါ်ထုတ်ခြင်း (Diagnosis)
ရေတိမ်ရောဂါကိုစစ်ဆေးဖေါ်ထုတ်ရန်တစ်ခုတည်းသောသေချာသည့်နည်းလမ်းမှာစုံလင်သော မျက်စိစစ်ဆေးမှုဖြစ်သည်၊ရေတိမ်ရောဂါရှာဖွေတွေ့ရှိရန်မျက်စိဖိအားကိုသာစစ်ဆေးခြင်းသည်မလုံလောက် ပါ။
ရေတိမ်ရောဂါကုသမှု (Treatment) 

ရေတိမ်ရောဂါပျက်စီးဆုံးရှုံးမှုသည်ထာဝရဖြစ်ပြီး၊ နောက်ပြန်၍မရပါ၊ သို့သော်ဆေးပညာနှင့်ခွဲစိတ် ကုသမှုသည်ထပ်မံပျက်စီးမှုကိုရပ်တန့်ရန်ကူညီပေးသည်၊ရေတိမ်ရောဂါကုသရန်သင့်အထူးက ဆရာဝန်က အောက်ပါကုသမှုတစ်ခုသို့မဟုတ်တစ်ခုထက်ပို၍သုံးနိုင်ပါသည်။


 ရေတိမ်ရောဆေးဝါးများ  (Medication) 
မျက်စဉ်းခတ်ဆေးသုံးခြင်းသည် ရေတိမ်ရောဂါကုသမှုအတွက် အသုံးအများဆုံးနည်းလမ်းဖြစ်သည်၊ 

ဤဆေးဝါးကသင်၏မျက်စိဖိအားကိုနည်းလမ်းနှစ်ခုထဲကတစ်ခုကလျှော့ချစေသည်၊မျက်စိထဲကဖန်တီးလာ သောအရည်ပမာဏကိုလျှော့ချခြင်းဖြင့်   သို့မဟုတ် drainage angle လမ်းကြောင်းမှတဆင့်မျက်စိထဲက ဤအရည်စီးဆင်းမှုကိုကူညီပေးသည်။

ဤမျက်စဉ်းခတ်ဆေးများကိုနေ့တိုင်းသုံးရမည်၊ အထူးကုဆရာဝန်၏ညွှန်ကြားချက်အတိုင်းသင်၏ မျက်စိကို
မျက်စဉ်းမှန်မှန်ခတ်ပေးရန်အရေးကြီးပါသည်၊သင်၏အထူးကုဆရာဝန်က 3 - 6 လတိုင်းပုံမှန်သွားတွေ့စေ ချင်သည်။


 လေဆာ ထရာဘေကူလိုပလာစတီ (Laser trabeculoplasty) ခွဲစိတ်ကုသနည်း
 လေဆာ ထရာဘေကူလိုပလာစတီ(Laser trabeculoplasty)ခွဲစိတ်ကုသနည်းသည် လမ်းကြောင်း ပွင့်ရေတိမ်ရောဂါ (Open-angle glaucoma) ကုသရန်အသုံးပြုကြသည်။ trabeculoplasty ခွဲစိတ်မှုနှစ်မျိုး ရှိသည်၊ argon laser trabeculoplasty (ALT) နှင့် selective laser trabeculoplasty (SLT) တို့ဖြစ်သည်။
ALT ခွဲစိတ်ကုသစဉ်အတွင်း လေဆာက ညီညာမှုရှိသည့်အလွန်သေးငယ်သောလမ်းကြောင်းအဖြစ် trabecular meshwork ထဲအပူလောင်စေသည်။အဆိုပါလေဆာရောင်ခြည်သည် drainage ပေါက်များကို ဖန်တီးခြင်းမဟုတ်ဘဲ၊ သို့သော် ပြွန်(drain) အားပိုမိုကောင်းမွန်သည့် အလုပ်လုပ်စေရန် လှုံ့ဆော်ပေးသည်။
SLT လေဆာမော်ဒယ်အသစ်သည်  drainage လမ်းကြောင်းအတွင်းရှိတိကျသောဆဲလ်များကိုသာ ကုသ သည့် စွမ်းအင်နည်းလေဆာရောင်ခြည်ကိုအသုံးပြုသည်။ SLT နှင့် ALT သည် မျက်စိထဲဖိအားလျှော့ချရာ တွင်ညီမျှစွာကောင်းမွန်သည်။


 လေဆာရောင်ခြည် ဖြင့် ခွဲစိတ်နည်းများ (Laser iridotomy)
Laser iridotomy လေဆာကုသနည်းသည် ထောင့်အလွန်ကျဉ်းသော  လမ်းကြောင်းပိတ်ရေတိမ် ဖြစ်သူများအတွက်အကြံပြုသည်။ လေဆာရောင်ခြည်က drainage လမ်းကြောင်းအတွင်းသို့ Aqueous fluid အရည်၏ စီးဆင်းမှုတိုးတက်လာစေရန်မျက်ဝန်းမှတဆင့် ပင်အပ်ထိပ်ဖျားအရွယ်သေးငယ်သည့် အပေါက်ကိုဖန်တီးပေးသည်။


LPI လေဆာပြုလုပ်ခြင်း (Peripheral iridectomy) 
Iridotomy လေဆာက လမ်းကြောင်းပိတ်ရေတိမ် (acute closed-angle glaucoma) ကပ် ရောက်ခြင်းကို မရပ်တန့်နိုင်သည့်အခါ သို့မဟုတ် အခြားအကြောင်းပြချက်များအတွက်မဖြစ်နိုင်သည့်အခါ၊ peripheral iridectomy ကိုသုံးနိုင်သည်။ ၄င်းကိုခွဲစိတ်ခန်းထဲတွင်ဆောင်ရွက်နိုင်သည်။ drainage လမ်း ကြောင်းသို့ အရည်ကြည် (aqueous fluid)နောက်တဖန်ဝင်ရောက်နိုင်စေရန် မျက်ဝန်း၏ သေးငယ်သော အပိုင်းအစက ဖယ်ရှားခြင်းခံရသည်။အဘယ်ကြောင့်ဆိုသော် လမ်းကြောင်းပိတ်ရေတိမ်ရောဂါ၏ အများ စုကိစ္စများတွင် ရေတိမ်ဆေးဝါးများနှင့် iridotomy လေဆာတို့ဖြင့်ကုသနိုင်သည်၊ peripheral iridectomy သည်ရံဖန်ရံခါမျှသာလိုအပ်သည်။

 



Trabeculectomy ခွဲစိတ်ကုသနည်း
Trabeculectomy ထဲတွင်၊ အဖြူသားနေရာ (သင့်မျက်စိ၏အပေါ်ယံအဖြူပိုင်း)တွင်သေးငယ်သည့် အချပ်ပြား(flap)ပြုလုပ်ထားသည်။သင့်မျက်စိ၏အဖြူရောင်တစ်စိတ်တစ်ပိုင်းကိုဖုံးသောပါးလွှာသည့်အမြှေး ပါးဖြစ်သော မျက်မြှေးလွှာအောက်တွင်အရေဖောင်းစစ်ထုတ်ရန် (filtration bleb)  သို့မဟုတ်  ရေလှောင် နေရာ(reservoir)ကိုတီထွင်ထားသည်၊ မျက်နက်ဝန်းအထက်မျက်စိ၏အဖြူရောင်အစိတ်အပိုင်းတစ်ခုပေါ် တွင် အဖု သို့မဟုတ် အရည်ကြည်ဖုကဲ့သို့အရေဖောင်းတစ်ခုကိုတီထွင်ထားသည်၊ ၄င်းကို များသောအားဖြင့် အထက်မျက်ခွံကဖုံးလွှမ်းထားသည်။ အရည်ကြည်(aqueous humor)သည်အဖြူသားနေရာ (sclera) တွင် ပြုလုပ်ထားသော အချပ်ပြားမှတဆင့်စစ်ထုတ်ပြီး၊ အရည်ကမျက်စိပတ်ပတ်လည်သွေးကြောထဲသို့ စုပ်ယူ မည့်နေရာအရေဖောင်းထဲတွင်စုစည်းထားနိုင်သည်။

မျက်စိဖိအားသည် trabeculectomy ဖြစ်သောသူ၏ လေးယောက်ထဲကသုံးယောက်အားထိ ရောက်စွာထိန်းချုပ်ထားသည်။ သင်၏ဆရာဝန်နှင့်စစ်ဆေးမှုပုံမှန်လိုက်လံနေရန်လိုအပ်ဆဲဖြစ်သော်လည်း လူနာအများစုကမျက်စဉ်းခတ်ဆေးကိုသုံးရန်မလိုအပ်တော့ပါ။ အကယ်၍စစ်ထုတ်လမ်းကြောင်းပိတ်ဆို့ခြင်း သို့မဟုတ် မျက်စိထဲကစစ်ထုတ်မည့်အရည်များလွန်းပါကနောက်ထပ်ခွဲစိတ်မှုများပြုလုပ်ရန်လိုအပ်ပါသည်။

အရည်လမ်းလွဲစစ်ထုတ်ရန်ခွဲစိတ်ကုသခြင်း (Aqueous shunt surgery)
အရည်လွဲခြင်း သို့မဟုတ် ရေတိမ်စစ်ထုတ်မှုကိရိယာသည် ရေလှောင်နေရာ (စက်ဝိုင်း သို့မဟုတ် ဘဲဥပုံအချပ်ပြား) နှင့်ဆက်သွယ်ထားသောသေးငယ်သည့်ပလပ်စတစ်ပြွန် သို့မဟုတ် အဆို့ရှင်ဖြစ်သည်။ အဆိုပါအချပ်သည် မျက်မြှေးလွှာ (သင့်မျက်ခွံ၏အတွင်းပိုင်းနှင့်သင့်မျက်စိ၏ အဖြူရောင်တစ်စိတ်တစ်ပိုင်း 

ကို ဖုံးသောပါးလွှာသည့်အမြှေးပါး) အောက်မျက်စိ၏အပြင်ဘက်အပေါ်တွင်ထားရှိသည်၊ ပြွန်သည် အလွန် သေးငယ်သောဖြတ်ရာမှတဆင့်မျက်စိထဲသို့နေရာချထားပြီး၊ပြွန်မှတဆင့်အချပ်ပြားထဲသို့အရည်စီးဆင်းရန်
ဖြစ်သည်။ ထို့နောက်အရည်သည် သွေးကြောထဲသို့စုပ်ယူခြင်းခံရသည်။ ပျောက်ကင်းချိန်တွင် သင်သည် အောက်ဖက်ကိုကြည့်ပြီးသင့်မျက်ခွံမပင့်လျှင် ရေလှောင်နေရာကို အလွယ်တကူမြင်နိုင်ခြင်းမရှိပါ။ 


ရေတိမ်ရောဂါကုသမှုများအကြောင်းမှတ်မိရန်အရေးကြီးသောအရာများ။ (Important things to remember about glaucoma treatment)
 ရေတိမ်ရောဂါကုသရန်နည်းလမ်းများစွာရှိသည်။ တချို့သောလူနာများကရေတိမ်ဆေးဝါးများ သုံးမှု သို့မဟုတ် ရေတိမ်ခွဲစိတ်ကုသခြင်းမှဘေးထွက်ဆိုးကျိုးများကိုခံစားရနေစဉ်တွင်၊ ဘေးထွက်ဆိုးကျိုး များ၏အန္တရာယ်များသည် ရေတိမ်ရောဂါဖြစ်ရန်ပိုမိုကြီးမားသော ကုသမှုမရှိဘဲအမြင်အာရုံဆုံးရှုံးစေသည့် အန္တရာယ်များနှင့်အတူဟန်ချက်အမြဲတမ်းညီနေအောင်ထိန်းထားရမည်။

သင်သည်ရေတိမ်ရောဂါရှိပါက သင်၏အမြင်အာရုံကိုထိန်းသိမ်းစောင့်ရှောက်ရန် သင်နှင့်သင့် ဆရာဝန်အကြားခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှု(teamwork) လိုအပ်သည်။ သင့်ဆရာဝန်သည် ကုသမှု နည်းလမ်းများညွှန်ပြသတ်မှတ်နိုင်သော်လည်း၊ သင်သည်သင့်၏ကုသမှုအစီအစဉ်အရ အနီးကပ်လိုက်နာ ဆောင်ရွက်ရန်အရေးကြီးသည်။ ညွှန်ပြသတ်မှတ်ထားသကဲ့သို့ဆေးဝါးများအသုံးပြုခြင်းနှင့်သင်၏အထူးကု ဆရာဝန်အားပုံမှန်စွာတွေ့ဆုံပြသရန်အရေးကြီးသည်။
 
Eye Knowledge

မျက်စိတိမ်စွဲရောဂါ ဆိုတာဘာလဲ ?

VIEW | 6,223

ပုံမှန်မျက်လုံး၏ကြည့်နေသောမှန်ဘီလူးတွင်တိမ်များကာနေသကဲ့သို့ဝေေ၀၀ါးဝါးဖြစ်လာခြင်းကိုမျက်စိ တိမ်စွဲရောဂါဖြစ်သည်ဟုခေါ်သည်၊ ကျွန်ုပ်တို့တစ်ခုခုကိုကြည့်လိုက်သည့်အခါ၊ အလင်းရောင်ခြည်သည်မျက်လုံး မှန်ဘီလူးမှကျွန်ုပ်တို့၏မျက်စိထဲကိုဝင်လာပြီး၊မျက်စိ၏နောက်ကျောတွင် အလင်းကိုအထိခိုက်မခံတဲ့ဆဲလ်အမြင် လွှာပေါ်အားအာရုံစိုက်သက်ရောက်စေသည်၊ အဆိုပါအလွှာပေါ်အလင်းအာရုံစိုက်ရန်အတွက်ပုံမှန်မျက်လုံးမှန် ဘီလူးသည်ကြည်လင်ရမည်၊ ကြည်လင်မှုမရှိဘဲဝေေ၀၀ါးဝါးမြင်တွေ့လာသည့်အခါမျက်စိတိမ်စွဲရောဂါဖြစ်သည် ဟုခေါ်သည်။

By : Hathairat, M.D.
VIEW MORE