မက်ကူလာယိုယွင်းပျက်ပြားလာခြင်းဆိုတာဘာလဲ၊

သက်ကြီးမျက်စိမှုန်ရောဂါ [Age-related macular degeneration (AMD) ဆိုသည်မှာမက်ကူလာ ခေါ်မျက်စိမြင်လွှာ၏အာရုံခံမှုအကောင်းဆုံးနေရာ ယိုယွင်းခြင်းသို့မဟုတ်ပျက်ပြားခြင်းဖြစ်သည်၊ မက်ကူလာ (macula) ဆိုသည်မှာမြင်လွှာထဲကသေးငယ်သည့်ဧရိယာ၊မျက်စိ၏အတွင်းနံရံတွင်တန်းစီလျက်ရှိနေသော အလင်းအထိခိုက်မခံသည့်တစ်ရှူးဖြစ်သည်၊ မက်ကူလာသည်သင်၏အလယ်ဗဟိုမြင်ကွင်းအတွက်တာဝန် ရှိသော၊ သင့်အားအသေးစိတ်အချက်အလက်များကိုရှင်းလင်းစွာမြင်စေသောမြင်လွှာ၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

•    မက်ကူလာသည် မြင်လွှာ၏သေးငယ်သည့်အစိတ်အပိုင်း သာဖြစ်စေသော်လည်း ကျန်ရှိသော မြင်လွှာအပိုင်း (မြင်လွှာ ပတ်ပတ်လည်) အသေးစိတ်ထက် ပိုမိုနူးညံ့သည်၊ မက်ကူလာသည်သင်အားအပ်ပေါက်ထိုးခြင်း၊ သေးငယ်သည့်ပုံနှိပ်စာလုံးများ ဖတ်ခြင်းနှင့်လမ်းပေါ် ရှိဆိုင်းဘုတ်များဖတ်နိုင်စေသည်၊ peripheral မြင်လွှာသည်သင်၏ ပတ်ပတ် လည်မြင်ကွင်းများ ကိုမြင်နိုင်စေသည်၊ အကယ်၍တစ်စုံတစ်ဦးကသင့်မြင်ကွင်း၏ ဘေးတွင်ရပ်နေပါကသင်၏ပတ်ပတ် လည်မြင်လွှာ(peripheral retina) က ယေဘုယျပုံသဏ္ဍာန်ကိုမြင်စေခြင်းဖြင့် အဆိုပါပဂ္ဂိုလ်အား သိစေနိုင်သည်။



အသက်အရွယ်ကြီးသူ အတော်များများ၏မျက်စိမှုန်ဖြစ်မှု( မက်ကူလာယိုယွင်းပျက်ပြားမှု)သည် လူခန္ဓာ ကိုယ်၏သဘာဝအရအိုမင်းသောဖြစ်စဉ်၏အစိတ်အပိုင်းတစ်ရပ်အဖြစ်ကဲ့သို့ချဲ့ထွင်ကြီးထွားလာသည်၊ မက်ကူလာနှင့်ပတ်သက်၍ပြဿနာအမျိုးမျိုးရှိသည်၊ သို့သော်များသောအားဖြင့်သက်ကြီးမျက်စိမှုန်ရော ဂါဖြစ်သည်။

မက်ကူလာယိုယွင်းပျက်ပြားမှုအမျိုးအစားများ  (Types of macular degeneration)
ခြောက်သွေ့သောမက်ကူလာယိုယွင်းပျက်ပြားမှုနှင့်စိုစွတ်သောမက်ကူလာယိုယွင်းပျက်ပြားမှု၊            
မက်ကူလာယိုယွင်းပျက်ပြားမှုကို နှစ်မျိုးနှစ်စားခွံခြားနိုင်သည်။


အဝါရောင်အကွက် (drusen) နှင့်အတူ ခြောက်သွေ့ခြင်း သို့မဟုတ် ချိုင့်ခွက်အမာရွတ်ရှိမက်ကူလာ (non-neovascular)
မျက်စိမှုန်ဖြစ်သူအများစုသည်မက်ကူလာခြောက်သွေ့သောပုံစံရှိကြသည်၊ ဤကဲ့သို့သောအခြေ အနေဖြစ်ရခြင်းသည် တစ်ရှူး၏အိုမင်းလာမှုနှင့်ပါးလွှာမှုကြောင့်ဖြစ်သည်၊ မက်ကူလာယိုယွင်းမှုသည်ပုံမှန် အားဖြင့်မြင်လွှာအောက်ရှိ အလွန်သေးငယ်သော drusen ပုံစံခေါ်အဝါရောင် သို့မဟုတ် အဖြူရောင် ဖက်တီး ပရိုတိန်းအပိုင်းအစများမှစတင်သည်၊နောက်ဆုံးတွင်မက်ကူလာသည်ပိုမိုပါးလွှာလာပြီး၊ စနစ်တကျအလုပ် လုပ်ရပ်တန့်စေနိုင်သည်၊ခြောက်သွေ့သည့် macular ယိုယွင်းမှုနှင့်အတူအမြင်အာရုံကို တဖြည်းဖြည်းဆုံးရှုံး မှုများဖြစ်ပေါ်စေသည်၊macularယိုယွင်းမှုများပြားလာသောသူသည်အလယ်ဗဟိုအမြင်အာရုံကိုဂရုတစိုက် နှင့်အဆက်မပြတ်စောင့်ကြည့်ရမည်ဖြစ်သည်၊ သင်၏အမြင်အာရုံသည်ပြောင်းလဲမှုများရှိလာသည်ဟုသတိ ထားမိပါက ခြောက်သွေ့သည့် macular ယိုယွင်းမှုပုံစံသည်   ပိုမိုပျက်စီး စေသော (exudative) ခေါ် စိုစွတ် သည့်macular ယိုယွင်းမှုပုံစံအဖြစ်ပြောင်းလဲနိုင်သည့်အတွက် သင်၏မျက်စိအထူးကုဆရာဝန်ကိုချက်ချင်း ပြောပြသင့်သည်၊ ခြောက်သွေ့သည့် macular ယိုယွင်းမှုအတွက် ဆေး သို့မဟုတ် ကုသမှုမရှိစဉ်တွင်အချို့ လူများသည်ဗီတာမင်စနစ်တကျသုံးသော ကုထုံးနည်းဖြင့်အကျိုး ဖြစ်နိုင်သည်။


မက်ကူလာယိုယွင်းမှုများစမ်းသပ်ရန် Amsler အကွက်များသုံးခြင်း၊ (Using an Amsler grid to test for macular degeneration)
သင်သည်ခြောက်သွေ့သည့် macular ယိုယွင်းရောဂါဖြစ်ပါက အဆိုပါရောဂါသည် ပိုမိုပျက်စီးစေ သောစိုစွတ်သည့် macular ယိုယွင်းမှုပုံစံအဖြစ်ပြောင်းလဲနိုင်သဖြင့် သင့်၏အမြင်အာရုံကို နေ့တိုင်း စောင့် ကြည့်နိုင်ရန် Amsler အကွက်ခေါ်ဇယားကို အသုံးပြုသင့်သည်၊

Amsler ဇယားကွက်ကို အသုံးပြုရာတွင်၊ သင့်၏စာဖတ်မျက်မှန်ကို တပ်ဆင်ထားပြီး၊ ကောင်းမွန် သောအလင်းရောင်အောက်၌သင်၏မျက်နှာမှ ၁၂ - ၁၅ လက်မအကွာဇယားကွက်ကိုကိုင်ထားရန်ဖြစ်သည်။
  • မျက်စိတစ်ဘက်ကိုဖုံးထားပါ။
  • ဖွင့်ထားသောမျက်စိဖြင့်ဗဟိုအစက်ကိုတိုက်ရိုက်ကြည့်လျက်၊သင်၏မျက်စိကိုအဆိုပါအစက်ပေါ်အာရုံစူးစိုက်စေပါ။
  • ဗဟိုအစက်ကိုတိုက်ရိုက်ကြည့်နေစဉ်မှာဇယားကွက်လိုင်းများဖြောင့်မတ်မှု သို့မဟုတ် တချို့တလေနေရာ တွင်ယုံ့ရွဲ့ပျက်ပြားမှု၊မှုန်ဝါးမှု သို့မဟုတ် မှောင်မဲမှုရှိမရှိတို့ကိုသတိပြုပါ။
  • မျက်စိ၏အခြားတစ်ဘက်ကိုအလားတူစွာလုပ်ထုံးလုပ်နည်းဖြင့်ပြန်လုပ်ပါ။
  • အကယ်၍ဇယားကွက်၏ တချို့တလေနေရာဧရိယာတွင်လှိုင်းတွန့်ပုံများ၊မှုန်ဝါးမှု သို့မဟုတ် မှောင်မဲမှုကဲ့ သို့ပုံများဖြစ်ပါကသင်၏မျက်စိအထူးကုဆရာဝန်ကိုဆက်သွယ်ပါ။
  • သင်သည်တစုံတခုသောပြောင်းလဲမှုများရှိသည်ဟုသတိပြုမိလျှင်သင်၏မျက်စိအထူးကုဆရာဝန်ကိုချက်ချင်းအကြောင်းကြားပါ။

စိုစွတ်သော မက်ကူလာယိုယွင်းမှု သို့မဟုတ် ယိုထွက်မှု (ပုံမှန်မဟုတ်သောသွေးကြောသစ်များ မြင်လွှာအောက် ကြီးထွားမှု ဟုလည်းခေါ်သည်၊)

မက်ကူလာ (macular) ယိုယွင်းမှုရောဂါဖြစ်သူများ၏ဆယ်ရာခိုင်နှုန်းခန့်သည်စိုစွတ်သောမက်ကူ လာယိုယွင်းမှုပုံစံရှိကြသည်၊ သို့သော်ခြောက်သွေ့သည့် macular

ယိုယွင်းရောဂါထက်သင်၏အလယ်ဗဟို အမြင် အာရုံ သို့မဟုတ်အသေးစိတ်ရူပါရုံကိုပိုမိုထိခိုက်စေနိုင်သည်၊ ပုံမှန်မဟုတ်သောသွေးကြောသစ်များ မြင်လွှာ အောက်ပေါက်ပြီးတိုးပွားလာစဉ်တွင် စိုစွတ်သော မက်ကူလာယိုယွင်းမှုရောဂါဖြစ်ပေါ်လာသည်၊ 

ဤသွေးကြောသစ်များတိုးပွားလာခြင်းကိုကိုရွိုက်(Choroid)အလွှာတွင်သွေးကြောသစ်များတိုးပွားလာခြင်း [choroidal neovascularization (CNV)] ဟုခေါ်သည်၊ အဘယ်ကြောင့်ဆိုသော် အဆိုပါသွေးကြောသစ် များသည် 

မြင်လွှာအောက်ရှိကိုရွိုက်ဟုခေါ်သောအလွှာမှကြီးထွားလာခြင်းဖြစ်သည်၊ ဤသွေးကြောသစ်များ သည် အရည် သို့မဟုတ် သွေးယိုစိမ့်မှုအဖြစ် မျက်စိအလယ်ဗဟိုအမြင်အာရုံအား မှုန်ဝါး သို့မဟုတ် ယုံ့ရွဲ့ ပျက်ပြားစေနိုင်သည်၊ ဤမက်ကူလာ macular 

ယိုယွင်းမှုပုံစံ၏ရုပါရုံဆုံးရှုံးမှုသည်ခြောက်သွေ့သည့်မက်ကူ လာ(macular)ယိုယွင်းမှုထက် ပိုမို မြန်ဆန်ပြီးမြင်သာနိုင်သည်။

ပုံမှန်မဟုတ်သောသွေးကြောသစ်များသည်အချိန်ကြာယိုစိမ့်လေ၊အမြင်အာရုံအသေးစိတ်ဆုံးရှုံးမှုပိုများလေ ဖြစ် သည်၊ပုံမှန်မဟုတ်သောသွေးကြောသစ်ကြီးထွားမှုသည်မျက်စိတစ်ဘက်တွင်ဖြစ်လျှင်အခြားတစ်ဘက် တွင်လည်းဖြစ်ပေါ်နိုင်ခြေအန္တရာယ်များသည်၊ စိုစွတ်သော macular
ယိုယွင်းမှုကိုအချိန်စောစွာရှာဖွေတွေ့ရှိ 

ပြီး၊ကုသနိုင်လေ၊သင်မျက်စိ၏အလယ်ဗဟိုအမြင်အာရုံအချို့သို့မဟုတ်အများကြီးထိန်းသိမ်းစောင့်ရှောက် 
နိုင်ရန်အခွင့်အလမ်းပိုများလေဖြစ်သည်၊ထို့ကြောင့်သင်နှင့်သင်၏မျက်စိအထူးကုဆရာဝန်သည်သင့်မျက်လုံး တစ်ဖက်စီ၏အမြင်အာရုံကိုစောင့်ကြည့်စစ်ဆေးမှုသည်အလွန်အရေးကြီးသည်။


•  ခြောက်သွေ့သည့် macular ယိုယွင်းမှုလက္ခဏာနှင့်ရောဂါလက္ခဏာများ (Dry macular degeneration signs and symptoms)
o    အဝေးမှုန်ခြင်း နှင့်/သို့မဟုတ် အဖတ်မြင်ကွင်းမှုန်ဝါးခြင်း၊
o    အနီးကပ်ကြည့်ရန်တောက်ပသောအလင်းပို၍လိုအပ်ခြင်း၊
o    အရောင်ပေါ်လာခြင်းတောက်ပမှုနည်းပါးခြင်း၊
o    မြင်ကွင်းဇဝေဇဝါဖြစ်ခြင်း၊
o    တောက်ပသောအလင်းမှတောက်ပမှုနည်းနေရာသို့သွားလျှင်မြင်နိုင်ရန်ခက်ခဲခြင်း၊ (ဥပမာတောက်ပသောအိမ်ပြင်မှ မှုန်ရီဝိုးတဝါးရှိသောအခန်းထဲဝင်လာသည့်အချိန်)
o    လူသူများ၏မျက်နှာကိုမှတ်မိရန်ခက်ခဲခြင်း သို့မဟုတ်မမှတ်မိနိုင်ခြင်း၊
o    သင်၏အလယ်ဗဟိုလ်မြင်ကွင်းတွင်ကွက်လပ်ဖြစ်ခြင်း သို့မဟုတ် အစက်အပြောက်ဖြစ်ခြင်း၊

ခြောက်သွေ့သည့် macular ယိုယွင်းမှုရောဂါသည်မျက်စိတစ်ဘက်  သို့မဟုတ် 
နှစ်ဘက်လုံးကူးစက်နိုင် သည်၊ တစ်ဘက်ထဲသာဖြစ်လျှင်မဖြစ်သောဘက်က 
အခြားတစ်ဘက်၏အမြင်ဆုံးရှုံးမှုကိုအစားထိုးပေးသည့် 
အတွက်မြင်ကွင်းပြောင်းလဲမှုကိုသတိပြုမိမည်မဟုတ်ပါ၊ 


•    စိုစွတ်သည့် မက်ကူလာ ယိုယွင်းမှုလက္ခဏာနှင့်ရောဂါလက္ခဏာများ  (Wet macular degeneration signs and symptoms)
                   
o    ပုံရိပ်ရွှဲ့စောင်း - ဖြောင့်လိုင်းများကွေးကောက်ခြင်း သို့မဟုတ် မညီမညာဖြစ်ခြင်း၊ 
o    အမြင်အာရုံထဲတွင်မီးခိုးရင့် သို့မဟုတ် အနက်ရောင်အစက်အပြောက်များမြင်ခြင်း၊
o    ဗဟိုအမြင်အာရုံဆုံးရှုံးခြင်း၊
o    မျက်လုံးတဘက်စီတွင်အရာဝတ္ထု၏အရွယ်အစားကွဲပြားခြားနားသည်ဟုထင်ရခြင်း၊
o    တောက်ပမှုအရောင်ဆုံးရှုံးခြင်း၊ မျက်လုံးတဘက်စီတွင်အရောင်များမတူညီခြင်း၊ 

စိုစွတ်သည့် မက်ကူလာ ယိုယွင်းမှုရောဂါလက္ခဏာသည်ဖြစ်ပေါ်လာပြီး၊
များသောအားဖြင့်လျင်မြန်စွာ ပိုမိုဆိုးဝါးလာသည်။   

မက်ကူလာယိုယွင်းမှုရေဂါကိုကုသခြင်း၊ (Macular Degeneration Treatment )
•    စိုစွတ်သည့် မက်ကူလာ ယိုယွင်းမှု (AMD) နှင့်ဖြည့်စွက်အစားအစာ  (Dry AMD and nutritional supplements)                                                        

အကြောင်းမသင့်၍ယခုအချိန်တွင်ခြောက်သွေ့သည့် မက်ကူလာ 
     ယိုယွင်းမှုရောဂါအတွက်တစ်မျိုး 
တည်းသောသက်သေကုသမှုဟုမရှိပါ၊သို့သော်ကျယ်ပြန့်သောသိပ္ပံနည်းကျလေ့လာမှုများကပြသထားသည် မှာ အန်တီအောက်ဆီးဒန့်ဗီတာမင်များ(antioxidant vitamins) နှင့်သွပ်(zinc)သည် တချို့သောလူများ 

အတွက်မက်ကူလာယိုယွင်းမှုရောဂါအားပိုမိုအဆင့်မြင့်စေသည့်အဆင့်ဆီသို့တိုးတက်မှုကိုနှေးကွေးစေခြင်း ဖြင့်သက်ရောက်မှုများလျှော့ချစေနိုင်သည်။

•    စိုစွတ်သည့်မက်ကူလာယိုယွင်းမှုများအတွက်လေဆာကုသမှု 
(Wet macular degeneration treatment)


 စိုစွတ်သည့်မက်ကူလာယိုယွင်းမှုအတွက်ကုသမှုသည် Anti-VEGF treatment ကုသမှုများဖြစ်သည့် အပူဓါတ်သုံးလေဆာကုထုံးနည်း သို့မဟုတ် photodynamic therapy (PDT) ကုထုံးနည်းများပါဝင်ပတ် သက်နေလိမ့်မည်။ စိုစွတ်သည့်မက်ကူလာယိုယွင်းမှုအတွက်ကုသမှုသည် 
ယေဘုယျအားဖြင့်လျော့နည်း
စေသော်လည်းပြင်းထန်သောအမြင်အာရုံဆုံးရှုံးမှုအန္တရာယ်ကိုဖယ်ရှားနိုင်မှုမရှိပါ။

1.    စိုစွတ်သည့်မက်ကူလာယိုယွင်းမှုအတွက်   Anti-VEGF ဆေးထိုးမှုကုသခြင်း                                                                          
(Anti-VEGF medication injection treatments for wet macular degeneration)

စိုစွတ်သည့်မက်ကူလာယိုယွင်းမှု 
ယေဘုယျနည်းလမ်းမှာမြင်လွှာအောက်တွင်ပုံမှန်မဟုတ်သောသွေး 
ကြောကိုဖြစ်ပေါ်စေသည့် သင်၏ခန္ဓာကိုယ်ထဲတွင်သီးချားသတ်မှတ်သည့်ဓါတုပစ္စည်းကို ရည်မှန်းသည်။ အဆိုပါ ဓါတုပစ္စည်းကို ဗွီဂျေ့(ဖ်) vascular endothelial growth factor သို့မဟုတ် VEGF ဟုခေါ်သည်၊ VEGF 
ဖြစ်ပေါ်စေမှုကိုပိတ်ဆို့တားမြစ်နိုင်သောစိုစွတ်သည့်မက်ကူလာယိုယွင်းမှုရောဂါကုသဆေးအသစ် မြောက်များစွာတီထွင်ခဲ့ကြသည်၊ (Anti-VEGF ဆေးဝါးဟုခေါ်သည်)။ VEGF 
ဖြစ်ပေါ်စေမှုကိုပိတ်ဆို့တား မြစ်ခြင်း 
သည်ပုံမှန်မဟုတ်သောသွေးကြောများ၏ကြီးထွားမှုများကို လျှော့ချစေခြင်း၊ 
ယိုစိမ့်မှုကိုနှေးကွေး စေခြင်း၊ 
အမြငါအာရုံဆုံးရှုံးမှုများကိုနှေးကွေးစေခြင်းနှင့်အချို့သောကိစ္စများတွင်အမြင်အာရုံကိုပိုမိုကောင်း မွန်စေသည်။

သင်၏မျက်စိအထူးကုဆရာဝန်သည် VEGF ဆန့်ကျင်ဆေးဝါး(anti-VEGF) များဖြစ်သော (Avastin၊ Lucentis၊ နှင့် Eylea ကဲ့သို့) များကို ပြင်ပလူနာလုပ်ထုံးလုပ်နည်းအဖြစ်သင်၏မျက်စိအားတိုက် ရိုက်စီမံခန့်ခွဲသည်၊ လုပ်ထုံးလုပ်နည်းမစမီတွင်၊သင့်၏မျက်စိအထူးကုဆရာဝန်ကရောဂါကူးစက်မှုများကို ကာကွယ်ရန်သင်၏မျက်စိကိုသန့်ရှင်းရေးလုပ်ပေးမည်နှင့်သင်၏မျက်စိထုံစေရန်အတွက် အလွန်ကောင်းမွန် သည့်ဆေးထိုးအပ်နှင့်အတူအစက်ချထုံဆေး သို့မဟုတ်  ထုံဆေးထိုးမှုများကိုအသုံးပြုမည်၊ သင်သည်

လမြောက်များစွာကာလတွင်ဗွီဂျေ့(ဖ်)ဆန့်ကျင်ထိုးဆေး(anti-VEGF)မျိုးစုံကိုလက်ခံရရှိနိုင်သည်၊အကျိုးပြု ဆက်လက်ရရှိစေရန်အတွက် ဗွီဂျေ့(ဖ်)ဆန့်ကျင်ထိုးဆေး(anti-VEGF)ကုသမှုကို မကြာခဏထပ်မံကုသ ရန်လိုအပ်သည်။
အချို့သောကိစ္စများတွင်၊  သင့်မျက်စိအထူးကုဆရာဝန်သည် anti-VEGF ကုသမှုနှင့်အတူအခြားကုထုံး များနှင့်ပေါင်းစပ်ပြီးကုသမှုပြုရန်အကြံပြုပါလိမ့်မည်။ သင်နှင့်သင့်လျှော်သောကုသမှုနည်းလမ်းသည် သင်၏ မက်ကူလာယိုယွင်းမှုရောဂါအခြေအနေပေါ်မူတည်ပါလိမ့်မည်ဖြစ်သည်။

2.    စိုစွတ်သည့် မက်ကူလာယိုယွင်းမှုများအတွက်လေဆာကုသမှု                                                        
(Laser treatment for wet macular degeneration) 

စိုစွတ်သည့် AMD ကုသမှု၏ အများစုသည်ဆေးဝါးနှင့်ကုသသော်လည်း၊ အချို့ဖြစ်ရပ်များတွင် အပူလေဆာ ကုထုံးမှုကို အသုံးပြုနိုင်သည်၊ 
လေဆာကုထုံးမှုသည်များသောအားဖြင့်ပြင်ပလူနာကုထုံးခြင်း ဖြစ်ပြီး၊ မျက်စိ 
အထူးကုဆရာဝန်၏ရုံးခန်း သို့မဟုတ် ဆေးရုံထဲတွင် ကုသနိုင်သည်၊  
ဤလုပ်ထုံးလုပ်နည်းထဲက မြင်လွှာ၏ကုသမည့်နေရာတွင်ထိသည့်အခါတွင် သေးငယ်သည့်မီးလောင်မှု 
ကိုထုတ်လုပ်သောအလင်း၏ရောင်ခြည်တန်းကိုဖြစ်ပေါ်စေသည့်လေဆာရောင်ခြည်တန်းသည်မြင့်မားသော စွမ်းအင်ရှိသည်။ ဤပုံမှန်မဟုတ်သောသွေးကြောဖျက်ဆီးမှုသည် ယိုစိမ့်ခြင်း၊ သွေးထွက်ခြင်းနှင့်တိုးပွားခြင်း  များထပ်မံဖြစ်စေမှုများကိုကာကွယ်တားဆီးပေးသည်။
လေဆာရောင်ခြည်ကုသမှုပြီးနောက်တွင်အမြင်ရုံသည် ယခင်ကကုသမှုမပြုမီထက် ပိုမိုမှုန်ဝါးစေနိုင် သော်လည်း၊ ရက်သတ္တပတ်အနည်းငယ်အတွင်းတည်ငြိမ်ပါလိမ့်မည်၊ ခွဲစိတ်ကုသမှုပြုသောနေရာ၏အမာ ရွတ်ပုံစံများသည်သင်၏မြင်ကွင်းတွင်သိသိသာသာမြင်နိုင်သည့်ထာဝရအစွန်းအကွက်(blind spot) ဖြစ်စေ မည်။
                     ပုံမှန်အားဖြင့် 
လေဆာရောင်ခြည်ကုသမှုဖြင့်ပုံမှန်မဟုတ်သောသွေးကြောကိုဖျက်ဆီးစေသည်၊ မည်သို့ ပင်ဖြစ်စေစိုစွတ်သည့်မက်ကူလာ ယိုယွင်းမှုဖြစ်ပြီး၊ 
      ဤလေဆာလုပ်ထုံးလုပ်နည်းနှင့်ကုသမှုခံရသောလူနာ မျး၏ 50 ရာခိုင်နှုန်းသည် သုံးနှစ်မှငါးနှစ်အတွင်းပြန်လည်ကုသမှုရရှိရန် လိုအပ်လိမ့်မည်ဟုယူဆရကြသည်၊ သင်သည် သင့်အမြင်အာရုံ၏ပြောင်းလဲမှုလက္ခဏာကိုစောင့်ကြည့်စစ်ဆေးနိုင်ရန် Amsler ဇယားကို နေ့စဉ် အသုံးပြုရန် ညွှန်ကြားမှုရှိနိုင်ပါသည်။


3.    ဖိုတိုဒိုင်းနမစ် ကုထုံးနည်း (Photodynamic therapy (PDT) နည်းဖြင့်ကုသခြင်း၊

အချို့ကိစ္စများတွင် photodynamic therapy (PDT) ဟုခေါ်သည့် 
မက်ကူလာယိုယွင်းမှုရောဂါ ကုထုံးနည်းအမျိုးအစားကိုရွေးနိုင်သည်၊ 
ဤကုထုံးနည်းသည်မက်ကူလာ၏ဗဟိုလ်တွင်စိုစွတ်သည့်မက်ကူ လာယိုယွင်းမှုကိုကုသရန် 
အလင်းရောင်ဖြင့်နှိုးဆွသောဆေး (light-activated drug) ဟုခေါ်သည့် photosensitizer နှင့်အားအထူးနည်းသော သို့မဟုတ် အေးမြသောလေဆာကို ပေါင်းစပ်အသုံးပြုထား သည်။

ဤအလုပ်ထုံးလုပ်နည်းသည်များသောအားဖြင့်ပြင်ပလူနာအဖြစ် 
မျက်စိအထူးကုဆရာဝန်၏ရုံးခန်း ထဲတွင် ကုသနိုင်သည်၊  photosensitive ဆေးသည် ခန္ဓာကိုယ်မှတဆင့်မက်ကူလာအလယ်ဗဟိုလ်၏ 
နောက်တွင်ရှိသည့်ပုံမှန်မဟုတ်သောသွေးကြောများအပါအဝင်သင့်လက်မောင်း၏သွေးကြောထဲကိုထိုးသွင်း ခြင်းဖြစ်သည်၊ အင်အားနည်းသောလေဆာအလင်းသည် 
ပုံမှန်မဟုတ်သောသွေးကြောများကိုတိုက်ရိုက်ချိန် ရွယ်ပြီး၊ မလိုအပ်သည့်သွေးကြောများကို အထူးပျက်စီးစေသည့်ဆေးဝါးကိုနှိုးဆွပေးသည်။ 
Photodynamic therapy (PDT)
လုပ်ပြီးနောက်ပိုင်းပုံမှန်မဟုတ်သောသွေးကြောများသည်ပြန်ဖွင့် လာနိုင်ပြီး၊ မျိုးစုံသောကုထုံး ကုနည်းများလိုအပ်ပါလိမ့်မည်ဖြစ်သည်။
 
Eye Knowledge